တိုင်းပါတီကော်မတီဝင် သုံးခွကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မအူပင် သြဂုတ် ၂ဝ

ဧရာဝတီ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်းသည် မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ အတွင်းရေးမှူး ဦးသန်းစိုးအပါအဝင် မြို့ နယ် ပါတီကော်မတီဝင်များ လိုက်ပါလျက် ယမန်နေ့ နံနက် ၁၁ နာရီ၌ မအူပင်မြို့နယ် သုံးခွကျေးရွာအုပ်စု သုံးခွကျေးရွာ ရပ်မိရပ်ဖ ဦးစိုးမြင့်နေအိမ်တွင် ကျင်းပခဲ့ရာ သုံးခွကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်လွင်နှင့်ရပ်ကျေးကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)