ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း အိမ်မဲပါတီကော်မတီ ဝင်းများနှင့် ၂၅ မြို့နယ်မြောက် တွေ့ဆုံ

(၈ နိုဝင်ဘာ ၂၀၁၇ )

ပြည်ခိုင်ဖြိုးပါတီ ဗဟို အတွင်းရေးမှူး ဦးသန်းထွန်းသည် (8-11-2017) ရက်နေ့ မွန်းလွဲ ၁ နာရီက အိမ်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းဝေး ခန်းမ ၁ ၌ မြို့နယ်ပါတီကော်မတီဝင်များ အရန်ပါတီကော်မတီဝင်များနှင့် သီးခြားတွေ့ဆုံ၍ ပါတီဝင်အင်အား စီစစ်ခြင်းလုပ်ငန်းများ၊ ပါတီနှစ်စဉ်ကြေး ကောက်ခံရေးကိစ္စရပ်များ၊ ပါတီဝင်အသစ်လျောက်လွှာများ စီစစ် လက်ခံခြင်းကိစ္စများနှင့် ပါဝင်ဝင်ကြေးပေးသွင်းသည့်ကိစ္စများ၊ ပါတီဝင်လူငယ်များ၏ လှုပ်ရှားဆောင်ရွက်မှု မြှင့်တင်ရေးလုပ်ငန်းများ၊ ပါတီဝင်များအား အရည်အချင်းမြှင့် လေ့ကျင့် သင်ကြားခြင်းလုပ်ငန်းများ၊ ဒေသခံတိုင်းရင်းသားများနှင့် ဒေသနေပြည်သူတို့၏ လူမှုစီးပွါးဘဝများအား သုတေသနပြုလေ့လာခြင်းနှင့် အကူအညီပေးမှုလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလမ်းညွှန်မှုများကို ကော်မတီဝင်တစ်ဦးချင်းအလိုက် အသေးစိတ်မှာကြားခဲ့ကြောင်း၊ အဆိုပါ တွေဆုံပွဲသို့ ဗဟိုအတွင်းရေးမှူး နှင့်အတူ ပါတီဗဟိုကော်မတီဝင် (ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ) ဒေါက်တာဌေးဝင်း၊ တိုင်းပါတီကော်မတီဝင် (ဥပဒေအကြံပေး) ဦးပြုံးချို၊ မြောင်းခရိုင် ပါတီဥက္ကဌ ဦးအောင်မြင့် တို့ တက်ရောက်ခဲ့ပြီး ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များသို့ နယ်မြေ ကွင်းဆင်းထိတွေ့ဆောင်ရွက်မှုတွင် အိမ်မဲမြို့နယ်၌ ၂၅ မြို့နယ်မြောက် ကွင်းဆင်းထိတွေ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။

USDP Einme