ယုံကြည်ချက်

ပါတီသည် “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး” တည်း ဟူသော အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ် ယုံကြည်ခံယူသည်။ ယင်းအရေးသုံးပါးကို အမျိုးသားရေးမှုဝါဒအဖြစ် ခံယူကျင့် သုံးမည်။ ဤအမျိုးသားရေးမှုဝါဒများ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူများအတွင်း စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ထာဝစဉ်ရှင်သန်ထွန်းကားနေရန် အဓိကလိုအပ်သည်ဟုလည်း ယုံကြည်သည်။ ထို့အတူ ပါတီစုံ ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်တို့ကို ကျင့်သုံးပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ယင်းအမျိုးသားရေ မှုဝါဒများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဟုလည်းခံယူသည်။ အဆိုပါမှန်ကန်သော မူဝါဒ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ လက်တွေ့ကျသော လုပ်ငန်းစဉ်များဖြင့် အေးချမ်းသာယာပြီး ခောတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးကို အောင်မြင်စွာတည်ဆောက် ဖော်ဆောင်နိုင်မည်ဟု အလေးအနက်ယုံကြည်သည်။