ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်းလေကြောင်းခရီးစဉ်များ အတွက် အသုံးပြုမည် Terminal3 တိုးချဲ့ဆောင်ကို ဒီဇင်ဘာ ၅ ရက်တွင် ဖွင့်မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်းလေကြောင်း ခရီးစဉ်များအတွက် အသုံးပြုမည့် Terminal3 တိုးချဲ့ဆောင်အသစ်ကို လာမည့် ဒီဇင်ဘာ (၅) ရက်တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်တွင်းခရီးစဉ်များကို ယခင်က နိုင်ငံခြားအကြီးအကဲများ၊ ဧည့်သည် တော်များ ကြိုဆိုရာတွင် အသုံးပြုသည့် ဂုဏ်ပြုခန်းမဆောင် အဆောက်အအုံကို ယာယီအသုံးပြု လျက်ရှိရာမှ ယခုအသစ်ဖွင့်လှစ်မည့် Terminal 3 သို့ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦး အုန်းလွင်က””ပြည်တွင်းခရီးစဉ်တွေ အတွက် အခုအသုံးပြုနေတာက အရင် အစိုးရလက်ထက်တုန်းက အထူးဧည့်သည်တော်တွေကို ကြို ဆိုဂုဏ်ပြုဖို့အတွက် ဆောက်လုပ် ထားတဲ့ဂုဏ်ပြုခန်းမဆောင်ပါ။ နောက် လ ၅ ရက်ကစပြီးတော့ ပြည်တွင်း ခရီးစဉ်တွေကို Terminal 3 ကနေ ပြီးတော့ ပျံသန်းပြေးဆွဲပေးသွား တော့မှာပါ””ဟု နိုဝင်ဘာ ၂၇ရက်ကဒီမိုကရေစီတူဒေးသို့ ပြောသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်ပလေကြောင်းခရီးစဉ်များအတွက် Terminal 1 နှင့် Terminal 2 တိုးချဲ့ဆောင်အသစ်ကို လက်ရှိအသုံးပြုနေကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

ဦးအုန်းလွင်က ” အခုလိုပြည် တွင်းခရီးစဉ်တွေအတွက် နိုင်ငံတကာအဆင့်မီ Terminal တစ်ခုကို ဖွင့်လှစ်ခြင်းဖြင့် ပြည်တွင်းခရီးစဉ်တွေမှာ လိုက်ပါမယ့် ခရီးသည်တွေအတွက်လည်း သက်သောင့်သက်သာစွာ သွားလာနိုင်မှာ လည်း ဖြစ်ပါတယ်” ဟု ဆိုသည်။

ယခုဖွင့်လှစ်မည့် ပြည်တွင်း ခရီးစဉ်များအတွက် တိုးချဲ့ဆောင်အသစ်ကို ၂၀၁၅ ခုနှစ် မေလက စတင် တည်ဆောက်ခဲ့ပြီး အကျယ်အ၀န်းမှာ အလျားပေ ၁၈၀ နှင့် အနံ ၅၆ ပေရှိကာ သံကူကွန်ကရစ် လေးထပ် အဆောက်အအုံဖြစ်ကြောင်း သိရသည်။

#Democracytoday


Leave a Reply