ေျခခ်င္းဝတ္ဒဏ္ရာေၾကာင့္ ရာသီကုန္အထိ အနားယူရမယ့္ F.De Jong

ဧၿပီ ၂၃

ဘာစီလိုနာအသင္း၏ နယ္သာလန္ကြင္းလယ္ကစားသမား F.De Jong သည္ ေျခခ်င္းဝတ္ဒဏ္ရာေၾကာင့္ ရာသီကုန္အထိ အနားယူရမည္ျဖစ္ေၾကာင္း သိရပါတယ္။

De Jong ဟာ ရီးယဲလ္အသင္းႏွင့္ ယွဥ္ၿပိဳင္ကစားခဲ့သည့္ El Clasico ပြဲစဥ္တြင္ ၿပိဳင္ဘက္ကစားသမား ဗယ္လ္ဗာဒီႏွင့္ ေဘာလုံးယွဥ္လုရာမွ အဆိုပါဒဏ္ရာ ရရွိခဲ့ျခင္းျဖစ္ၿပီး ေဆးစစ္ေဆးမႈမ်ားအရ (၆)ပတ္၀◌န္းက်င္အထိ အနားယူရမည္ျဖစ္ေၾကာင္း သိရပါတယ္။

ထို႔ေၾကာင့္ De Jong အေနျဖင့္ ယခုရာသီတြင္ ဘာစီလိုနာအသင္းအတြက္ ျပန္ကစားနိုင္ေတာ့မည္မဟုတ္ဘဲ ယူရို- ၂၀၂၄ ၿပိဳင္ပြဲ၌ နယ္သာလန္အသင္းအတြက္ ကစားနိုင္ရန္သာ ႀကိဳးပမ္းရေတာ့မည္ျဖစ္ပါတယ္။

အသက္၂၆ႏွစ္ရွိ De Jong ဟာ ၂၀၁၉ ခုႏွစ္တြင္ ေအဂ်က္စ္အသင္းမွ ဘာစီလိုနာအသင္းသို႔ ယူရို(၇၅) သန္းျဖင့္ ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး စတင္ေရာက္ရွိခ်ိန္ကတည္းက အမာခံကစားသမားအျဖစ္ ရပ္တည္နိုင္ခဲ့ေသာ္လည္း ယခုရာသီတြင္မူ ဒဏ္ရာ ျပႆနာမ်ားႏွင့္ ရင္ဆိုင္ခဲ့ရပါတယ္။

=======

ခြေချင်းဝတ်ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမယ့် F.De Jong

ဧပြီ ၂၃

ဘာစီလိုနာအသင်း၏ နယ်သာလန်ကွင်းလယ်ကစားသမား F.De Jong သည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမည်ဖြစ်ကြောင်း သိရပါတယ်။

De Jong ဟာ ရီးယဲလ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် El Clasico ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမား ဗယ်လ်ဗာဒီနှင့် ဘောလုံးယှဉ်လုရာမှ အဆိုပါဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ဆေးစစ်ဆေးမှုများအရ (၆)ပတ်၀◌န်းကျင်အထိ အနားယူရမည်ဖြစ်ကြောင်း သိရပါတယ်။

ထို့ကြောင့် De Jong အနေဖြင့် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြန်ကစားနိုင်တော့မည်မဟုတ်ဘဲ ယူရို- ၂၀၂၄ ပြိုင်ပွဲ၌ နယ်သာလန်အသင်းအတွက် ကစားနိုင်ရန်သာ ကြိုးပမ်းရတော့မည်ဖြစ်ပါတယ်။

အသက်၂၆နှစ်ရှိ De Jong ဟာ ၂၀၁၉ ခုနှစ်တွင် အေဂျက်စ်အသင်းမှ ဘာစီလိုနာအသင်းသို့ ယူရို(၇၅) သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး စတင်ရောက်ရှိချိန်ကတည်းက အမာခံကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း ယခုရာသီတွင်မူ ဒဏ်ရာ ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။