၄၅ ပြဲဆက္တိုက္ ရႈံးပြဲမရွိေသးတဲ့ နည္းျပအလြန္ဆိုရဲ့ ေလဗာကူဆင္

ဧၿပီ ၂၂

မေန႔က ဘြန္ဒက္စ္လီဂါ ပြဲစဥ္ (၃၀) အျဖစ္ ကစားခဲ့တဲ့ ပြဲမွာ ဘြန္ဒက္စ္လီဂါ ခ်န္ပီယံ ေလဗာကူဆင္အသင္းဟာ ေဒါ့မြန္ကို ေနာက္ခံလူ စတန္ဆစ္ရဲ့ ေနာက္က်မိနစ္ သြင္းဂိုးေၾကာင့္ ၁-၁ ဂိုး သေရရခဲ့ၿပီး ရႈံးပြဲမရွိ စံခ်ိန္ကို ဆက္ထိန္းနိုင္ခဲ့ပါတယ္။

အိမ္ရွင္ျဖစ္တဲ့ ေဒါ့မြန္အသင္းဟာ အဆင့္ ၄ ေနရာ ဝင္ခြင့္ရရွိေရးအတြက္ ႀကိဳးစားခဲ့ေသာ္လည္း သေရလဒ္နဲ႔သာ ေက်နပ္ခဲ့ရပါတယ္။

အဆိုပါသေရပြဲေၾကာင့္ ေလဗာကူဆင္အသင္းဟာ ၿပိဳင္ပြဲ စုံ ၄၅ ပြဲဆက္တိုက္ ရႈံးပြဲမရွိ စံခ်ိန္နဲ႔ ခရီးဆက္ေနပါတယ္။

=========

၄၅ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ နည်းပြအလွန်ဆိုရဲ့ လေဗာကူဆင်

ဧပြီ ၂၂

မနေ့က ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၃၀) အဖြစ် ကစားခဲ့တဲ့ ပွဲမှာ ဘွန်ဒက်စ်လီဂါ ချန်ပီယံ လေဗာကူဆင်အသင်းဟာ ဒေါ့မွန်ကို နောက်ခံလူ စတန်ဆစ်ရဲ့ နောက်ကျမိနစ် သွင်းဂိုးကြောင့် ၁-၁ ဂိုး သရေရခဲ့ပြီး ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

အိမ်ရှင်ဖြစ်တဲ့ ဒေါ့မွန်အသင်းဟာ အဆင့် ၄ နေရာ ဝင်ခွင့်ရရှိရေးအတွက် ကြိုးစားခဲ့သော်လည်း သရေလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အဆိုပါသရေပွဲကြောင့် လေဗာကူဆင်အသင်းဟာ ပြိုင်ပွဲ စုံ ၄၅ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်နဲ့ ခရီးဆက်နေပါတယ်။