ေတာင္ႀကီးၿမိဳ႕၏ သာယာလွပေသာ ရႈခင္းမ်ားကို Sight Seeing ၾကည့္ရႈနိုင္ရန္အတြက္ ေတာင္ႀကီး – ေပါမူ၊ ေပါမူ – ေတာင္ႀကီးခရီးစဥ္ ရထားေျပးဆြဲမည္

ဇန္နဝါရီ ၂၂

ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ျမန္မာ့မီးရထားသည္ ခရီးသြားျပည္သူမ်ား ေတာင္ႀကီးၿမိဳ႕၏ သာယာလွပေသာ ရႈခင္းမ်ားကို စိတ္ခ်မ္းေျမ့စြာ ၾကည့္ရႈခံစားနိုင္ရန္ ေတာင္ႀကီး – ေပါမူ – ေတာင္ႀကီး (အသြား/အျပန္) ရထားခရီးစဥ္ကို အပတ္စဥ္တနဂၤေႏြ ႐ုံးပိတ္ရက္မ်ား၌ ေျပးဆြဲေပးလ်က္ရွိရာ ယေန႔နံနက္ ၉ နာရီတြင္ ေတာင္ႀကီးဘူတာမွ စတင္ေျပးဆြဲေပးသည္။

ေတာင္ႀကီး – ေပါမူခရီးစဥ္မွာ ၁၁ ဒသမ ၄၁ မိုင္ကြာေဝး၍ ေျပးဆြဲခ်ိန္တစ္နာရီခြဲခန႔္ၾကာျမင့္ၿပီး လမ္းခရီးတြင္ ဘဝသံသရာအဝိုင္းအနီးဝန္းက်င္ရွိ သဘာဝရႈခင္းအလွမ်ားကို ၾကည့္ရႈခံစားနိုင္ရန္ ထီသိမ္ဘူတာ၌ မိနစ္ ၃၀ ႏွင့္ ေပါမူဘူတာသို႔ ေရာက္ရွိခ်ိန္တြင္ ရထားတြဲဆိုင္းကို ေတာင္ႀကီးဘက္သို႔ ျပန္လွည့္နိုင္ရန္ တြဲေရႊ႕ျပဳလုပ္ခ်ိန္ မိနစ္ ၃၀ ရပ္တန႔္ေပးခဲ့ၿပီး ေပါမူဘူတာမွ နံနက္ ၁၁ နာရီ ၁၅ မိနစ္တြင္ ျပန္လည္ထြက္ခြာ၍ ေတာင္ႀကီးဘူတာသို႔ မြန္းလြဲ ၁၂ နာရီခြဲတြင္ ျပန္လည္ေရာက္ရွိသည္။

ေျပးဆြဲသည့္ ရထားတြဲဆိုင္းမွာ ျမင္းေကာင္ေရ ၂၀၀၀ အား စက္ေခါင္းျဖင့္ အထက္တန္းတစ္တြဲ၊ ရိုးရိုးတန္းေလးတြဲႏွင့္ ရထားထိန္းတြဲ တစ္တြဲျဖစ္ၿပီး ယေန႔ခရီးစဥ္၌ ေတာင္ႀကီးၿမိဳ႕ရွိ Golden Private School မွ မူလတန္းေက်ာင္းသား ေက်ာင္းသူ ၁၇၅ ဦး၊ ႀကီးၾကပ္သူ ဆရာ ဆရာမ ၁၈ ဦး ႏွင့္ ျပင္ပရထားစီးခရီးသည္ ၉၂ဦး စုစုေပါင္း ၂၈၅ ဦး လိုက္ပါစီးနင္းခဲ့ၾကသည္။ အဆိုပါ ေတာင္ႀကီး-ေပါမူ အသြား/အျပန္ ခရီးစဥ္အတြက္ လက္မွတ္ခႏႈန္းထားမွာ အထက္တန္း တစ္ဦးလၽွင္ ေငြက်ပ္ ၁၀၀၀၀ ႏွင့္ ရိုးရိုးတန္းအတြက္ တစ္ဦးလၽွင္ေငြက်ပ္ ၅၀၀၀ ျဖစ္သည္။

ေတာင္ႀကီး – ေပါမူ ခရီးစဥ္သည္ ေတာင္ႀကီးၿမိဳ႕မွ စတင္ထြက္ခြာသည္ႏွင့္ ေတာင္ႀကီးၿမိဳ႕၏ အထင္ကရေနရာ မီးပုံးပ်ံကြင္းႀကီးကို ရထားေပၚမွေန၍ ၾကည့္ရႈခံစားရျခင္း၊ ေတာင္ႀကီးၿမိဳ႕၏ ေခတ္မီလွပေသာ ၿမိဳ႕ျပျမင္ကြင္းမ်ားကို ရထားေပၚမွ ေကာင္းစြာျမင္နိုင္ၿပီး စိတ္လက္ၾကည္လင္ ေအးခ်မ္းေစျခင္း၊ ျမန္မာ့မီးရထား၏ ဒုတိယဘဝသံသရာ တံတားအား ျဖတ္သန္းစဥ္ အေဝးဆီမွ ေတာင္တန္းမ်ား၊ ကြင္းျပင္က်ယ္မ်ားကို ရႈေမၽွာ္ခံစားနိုင္ျခင္း၊ ထီသိမ္ဘူတာသို႔ ရထားဆိုက္ ေရာက္ရပ္နားခ်ိန္ မိနစ္ ၃၀ အတြင္း ဘူတာအထက္ဘက္ရွိ ရႈရပ္မွေန၍ ထီသိမ္အဝိုင္းပတ္ (ဘဝသံသရာတံတား)ကို အေပၚစီးမွေန၍ ၾကည့္ရႈျခင္း၊ အေဝးဆီမွ ထီသိမ္ဘုရား၊ ေျမၿပိဳဘုရားမ်ားကို ၾကည္ညိဳဖူးေျမာ္နိုင္ျခင္း၊ ေရႊေညာင္ကန္ႏွင့္ ကြင္းျပင္က်ယ္ႀကီးမ်ား စသည့္ေတာင္တန္းႏွင့္ သဘာဝအလွအပရႈခင္းမ်ားကို ၾကည့္ရႈခံစားနိုင္ျခင္းတို႔ေၾကာင့္ စိတ္လက္ေအးခ်မ္း ေပ်ာ္ရႊင္မႈရရွိေၾကာင္း ရထားေပၚတြင္ လိုက္ပါစီးနင္းၾကသူမ်ားထံမွ သိရသည္။

အပတ္စဥ္ တနဂၤေႏြ႐ုံးပိတ္ရက္မ်ား၌ အဆိုပါေတာင္ႀကီး-ေပါမူ အသြား/အျပန္ ခရီးစဥ္အတြက္ အထက္ပါ သတ္မွတ္ႏႈန္းထားျဖင့္ ေျပးဆြဲေပးသြားမည္ျဖစ္ၿပီး ခရီးသြားကုမၸဏီမ်ား (Tour Company)၊ ခရီးသြားေအဂ်င္စီမ်ား၊ Private School စသည့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ားမွ ရထားအဆိုင္းလိုက္(တစ္စီးလုံး) ငွားရမ္းလိုပါကလည္း စီစဥ္ေဆာင္ရြက္ ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

===========

တောင်ကြီးမြို့၏ သာယာလှပသော ရှုခင်းများကို Sight Seeing ကြည့်ရှုနိုင်ရန်အတွက် တောင်ကြီး – ပေါမူ၊ ပေါမူ – တောင်ကြီးခရီးစဉ် ရထားပြေးဆွဲမည်

ဇန်နဝါရီ ၂၂

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ တောင်ကြီးမြို့၏ သာယာလှပသော ရှုခင်းများကို စိတ်ချမ်းမြေ့စွာ ကြည့်ရှုခံစားနိုင်ရန် တောင်ကြီး – ပေါမူ – တောင်ကြီး (အသွား/အပြန်) ရထားခရီးစဉ်ကို အပတ်စဉ်တနင်္ဂနွေ ရုံးပိတ်ရက်များ၌ ပြေးဆွဲပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးဘူတာမှ စတင်ပြေးဆွဲပေးသည်။

တောင်ကြီး – ပေါမူခရီးစဉ်မှာ ၁၁ ဒသမ ၄၁ မိုင်ကွာဝေး၍ ပြေးဆွဲချိန်တစ်နာရီခွဲခန့်ကြာမြင့်ပြီး လမ်းခရီးတွင် ဘဝသံသရာအဝိုင်းအနီးဝန်းကျင်ရှိ သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစားနိုင်ရန် ထီသိမ်ဘူတာ၌ မိနစ် ၃၀ နှင့် ပေါမူဘူတာသို့ ရောက်ရှိချိန်တွင် ရထားတွဲဆိုင်းကို တောင်ကြီးဘက်သို့ ပြန်လှည့်နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် မိနစ် ၃၀ ရပ်တန့်ပေးခဲ့ပြီး ပေါမူဘူတာမှ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာ၍ တောင်ကြီးဘူတာသို့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ရောက်ရှိသည်။

ပြေးဆွဲသည့် ရထားတွဲဆိုင်းမှာ မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်းဖြင့် အထက်တန်းတစ်တွဲ၊ ရိုးရိုးတန်းလေးတွဲနှင့် ရထားထိန်းတွဲ တစ်တွဲဖြစ်ပြီး ယနေ့ခရီးစဉ်၌ တောင်ကြီးမြို့ရှိ Golden Private School မှ မူလတန်းကျောင်းသား ကျောင်းသူ ၁၇၅ ဦး၊ ကြီးကြပ်သူ ဆရာ ဆရာမ ၁၈ ဦး နှင့် ပြင်ပရထားစီးခရီးသည် ၉၂ဦး စုစုပေါင်း ၂၈၅ ဦး လိုက်ပါစီးနင်းခဲ့ကြသည်။ အဆိုပါ တောင်ကြီး-ပေါမူ အသွား/အပြန် ခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားမှာ အထက်တန်း တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှင့် ရိုးရိုးတန်းအတွက် တစ်ဦးလျှင်ငွေကျပ် ၅၀၀၀ ဖြစ်သည်။

တောင်ကြီး – ပေါမူ ခရီးစဉ်သည် တောင်ကြီးမြို့မှ စတင်ထွက်ခွာသည်နှင့် တောင်ကြီးမြို့၏ အထင်ကရနေရာ မီးပုံးပျံကွင်းကြီးကို ရထားပေါ်မှနေ၍ ကြည့်ရှုခံစားရခြင်း၊ တောင်ကြီးမြို့၏ ခေတ်မီလှပသော မြို့ပြမြင်ကွင်းများကို ရထားပေါ်မှ ကောင်းစွာမြင်နိုင်ပြီး စိတ်လက်ကြည်လင် အေးချမ်းစေခြင်း၊ မြန်မာ့မီးရထား၏ ဒုတိယဘဝသံသရာ တံတားအား ဖြတ်သန်းစဉ် အဝေးဆီမှ တောင်တန်းများ၊ ကွင်းပြင်ကျယ်များကို ရှုမျှော်ခံစားနိုင်ခြင်း၊ ထီသိမ်ဘူတာသို့ ရထားဆိုက် ရောက်ရပ်နားချိန် မိနစ် ၃၀ အတွင်း ဘူတာအထက်ဘက်ရှိ ရှုရပ်မှနေ၍ ထီသိမ်အဝိုင်းပတ် (ဘဝသံသရာတံတား)ကို အပေါ်စီးမှနေ၍ ကြည့်ရှုခြင်း၊ အဝေးဆီမှ ထီသိမ်ဘုရား၊ မြေပြိုဘုရားများကို ကြည်ညိုဖူးမြော်နိုင်ခြင်း၊ ရွှေညောင်ကန်နှင့် ကွင်းပြင်ကျယ်ကြီးများ စသည့်တောင်တန်းနှင့် သဘာဝအလှအပရှုခင်းများကို ကြည့်ရှုခံစားနိုင်ခြင်းတို့ကြောင့် စိတ်လက်အေးချမ်း ပျော်ရွှင်မှုရရှိကြောင်း ရထားပေါ်တွင် လိုက်ပါစီးနင်းကြသူများထံမှ သိရသည်။

အပတ်စဉ် တနင်္ဂနွေရုံးပိတ်ရက်များ၌ အဆိုပါတောင်ကြီး-ပေါမူ အသွား/အပြန် ခရီးစဉ်အတွက် အထက်ပါ သတ်မှတ်နှုန်းထားဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွားအေဂျင်စီများ၊ Private School စသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ ရထားအဆိုင်းလိုက်(တစ်စီးလုံး) ငှားရမ်းလိုပါကလည်း စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။