ျပည္ခိုင္ၿဖိဳးပါတီမွ Book Review အစီအစဥ္တစ္ရပ္ က်င္းပျပဳလုပ္

ဇန္နဝါရီ ၁၈၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ Book Review အစီအစဥ္တစ္ရပ္ကို ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ ၁၈ ရက္ေန႔ နံနက္ပိုင္းတြင္ ပါတီဌာနခ်ဳပ္၊ စာၾကည့္တိုက္ခန္းမမွာ ျပဳလုပ္ခဲ့ပါသည္။
အဆိုပါအစီအစဥ္တြင္ နိုင္ငံတကာေရးရာေကာ္မတီမွ ဦးေဝယံေက်ာ္စြာဟိန္း၊ ပါတီလုပ္ငန္းစိစစ္ေရးေကာ္မတီမွ ဌာနမႉး ဦးေသာင္းထြဋ္၊ ပါတီဌာနခ်ဳပ္မႉး ဦးေသာင္းေရႊတို႔က ၎တို႔ေရြးခ်ယ္ထားသည့္ “ေထာင္စုသစ္အိုင္ဒီယာမ်ား”၊ “ဒီမိုကေရစီ”၊ “ဘုရင့္ေနာင္” စာအုပ္ (၃)အုပ္ႏွင့္စပ္လ်ဥ္းၿပီး အႏွစ္ခ်ဳပ္ေဆြးေႏြး​ျခင္း၊ သုံးသပ္ျခင္းႏွင့္ အႀကံျပဳခ်က္မ်ားအား ေဆြးေႏြးၾကၿပီး တက္ေရာက္လာသူမ်ားႏွင့္ အျပန္အလွန္ေဆြးေႏြးခဲ့ၾကပါသည္။
ဆက္လက္ၿပီး ပါတီဒုတိယဥကၠ႒မ်ားျဖစ္သည့္ ဦးျမတ္ဟိန္းႏွင့္ ဦးမ်ိဳးေဇာ္သိန္းတို႔မွ ေဆြးေႏြးမႈမ်ားႏွင့္စပ္လ်ဥ္းၿပီး လိုအပ္ခ်က္မ်ားအား ျဖည့္စြက္ေဆြးေႏြးၾကပါသည္။ ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီမွ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာ “နိုင္ငံေရးသမားေကာင္းမွ နိုင္ငံေကာင္းမည္ဆိုသည့္ ေဆာင္ပုဒ္ကို ကၽြန္ေတာ္တို႔ယုံၾကည္ပါေၾကာင္း၊ ဒါေၾကာင့္လည္း အရည္အခ်င္းျပည့္ဝ​တဲ့၊ ေမၽွာ္ျမင္သုံးသပ္နိုင္တဲ့ စာေပအသိ ဘဝအသိမ်ားႏွင့္ျပည့္စုံေသာ ျပည္သူမ်ားၾကားမွာ နိုင္ငံေရးသမားေကာင္း၊ စည္း႐ုံးေရးသမားေကာင္းမ်ား ျဖစ္လာေစဖို႔ ရည္ရြယ္ခ်က္နဲ႔ ယခုအစီအစဥ္ကို ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း” ေျပာၾကားခဲ့ပါသည္။
အဆိုပါ အစီအစဥ္သို႔ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား၊ စာအုပ္စာေပစိတ္ဝင္စားၾကသည့္ ပါတီဝင္မ်ား တက္ေရာက္ခဲ့ၾကပါသည္။

============

ပြည်ခိုင်ဖြိုးပါတီမှ Book Review အစီအစဥ်တစ်ရပ် ကျင်းပပြုလုပ်
***************************************
ဇန်နဝါရီ ၁၈၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ Book Review အစီအစဥ်တစ်ရပ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပါတီဌာနချုပ်၊ စာကြည့်တိုက်ခန်းမမှာ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစီအစဥ်တွင် နိုင်ငံတကာရေးရာကော်မတီမှ ဦးဝေယံကျော်စွာဟိန်း၊ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီမှ ဌာနမှူး ဦးသောင်းထွဋ်၊ ပါတီဌာနချုပ်မှူး ဦးသောင်းရွှေတို့က ၎င်းတို့ရွေးချယ်ထားသည့် “ထောင်စုသစ်အိုင်ဒီယာများ”၊ “ဒီမိုကရေစီ”၊ “ဘုရင့်နောင်” စာအုပ် (၃)အုပ်နှင့်စပ်လျဥ်းပြီး အနှစ်ချုပ်ဆွေးနွေး​ခြင်း၊ သုံးသပ်ခြင်းနှင့် အကြံပြုချက်များအား ဆွေးနွေးကြပြီး တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ပြီး ပါတီဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးမြတ်ဟိန်းနှင့် ဦးမျိုးဇော်သိန်းတို့မှ ဆွေးနွေးမှုများနှင့်စပ်လျဥ်းပြီး လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေးကြပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ နိဂုံးချုပ်အမှာစကားပြောကြားရာ “နိုင်ငံရေးသမားကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့် ဆောင်ပုဒ်ကို ကျွန်တော်တို့ယုံကြည်ပါကြောင်း၊ ဒါကြောင့်လည်း အရည်အချင်းပြည့်ဝ​တဲ့၊ မျှော်မြင်သုံးသပ်နိုင်တဲ့ စာပေအသိ ဘဝအသိများနှင့်ပြည့်စုံသော ပြည်သူများကြားမှာ နိုင်ငံရေးသမားကောင်း၊ စည်းရုံးရေးသမားကောင်းများ ဖြစ်လာစေဖို့ ရည်ရွယ်ချက်နဲ့ ယခုအစီအစဥ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
အဆိုပါ အစီအစဥ်သို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ စာအုပ်စာပေစိတ်ဝင်စားကြသည့် ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။