လက္ေထာက္မ်ား ပါဝင္ျခင္းႏွင့္ ပတ္သက္၍ အျငင္းပြားမႈျဖစ္ပြားၿပီး ကာကြယ္ေရးဝန္ႀကီး Gallant သည္ ကက္ဘိနက္အဖြဲ႕ အစည္းအေဝးမွ ထြက္သြား

ဇန္နဝါရီ ၁၅

အစၥေရး ကာကြယ္ေရးဝန္ႀကီး Yoav Gallant သည္ ၎၏ လက္ေထာက္မ်ား ပါဝင္ျခင္းႏွင့္ ပတ္သက္၍ အျငင္းပြားမႈျဖစ္ပြားခဲ့ၿပီး ဇန္နဝါရီ ၁၃ ရက္ စေနေန႔ညပိုင္းက လုံျခဳံေရးကက္ဘိနက္အဖြဲ႕ အစည္းအေဝးခန္းမွ ထြက္ခြါသြားခဲ့ေၾကာင္း အစၥေရးမီဒီယာက ေဖာ္ျပခဲ့ပါသည္။

ကက္ဘိနက္အဖြဲ႕ အစည္းအေဝးသို႔ လက္ေထာက္ မ်ား ဝင္ေရာက္မႈ ပိတ္ပင္ရန္ သတ္မွတ္ထားၿပီး Gallant ၏ စစ္ဦးစီးခ်ဳပ္ ဝင္ခြင့္ကို ျငင္းပယ္ခံခဲ့ရေသာ္လည္း ဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ ေနတန္ညာဟု ႏွင့္ အျခားအရာရွိမ်ားကို လက္ ေထာက္မ်ား ေခၚေဆာင္လာရန္ ခြင့္ျပဳခဲ့ကာ အစီ ရင္ခံခ်က္မ်ားအရ Gallant ၏ ကာကြယ္ေရးအတြင္းဝန္ကို အစည္းအေဝးသို႔ ဝင္ေရာက္ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။

Gallant သည္ ေဒါသတႀကီးျဖင့္ ျငင္းဆိုမႈကို တုံ႔ ျပန္ခဲ့ၿပီး အျငင္းအခုံျဖစ္ခဲ့ကာ၊ ျငင္းခုံမႈအတြင္း အမ်ိဳး သားလုံျခဳံေရးေကာင္စီ အႀကီးအကဲ Tzachi Hanegbi က ” မိမိအေနျဖင့္ေတာင္မွပဲ လက္ေထာက္ေတြ ဒီမွာ မေခၚလာခဲ့ပါဘူး” ဟု ေျပာၾကားမႈကို Gallant က ခင္ဗ်ားကိုယ္တိုင္ လက္ေထာက္ တစ္ေယာက္ ျဖစ္တယ္ ဆိုတာ ေမ့သြားတာလား”ဟု ျပန္လည္ေျပာဆိုခဲ့မႈအား Walla က ေဖာ္ျပထားသည္။

အစိုးရအဖြဲ႕ အစည္းအေဝး ဒုတိယပိုင္း အတြင္း Gallant ျပန္လာခဲ့ၿပီး ၎ႏွင့္ နီးစပ္ေသာ သတင္းအရင္းျမစ္မ်ားက အကူအညီမ်ား ေခၚေဆာင္လာျခင္း တားျမစ္ထားေသာ္လည္း အစည္းအေဝးသို႔ ေနတန္ညာဟု၏ လက္ေထာက္ငါးဦး ေခၚေဆာင္ခဲ့သည္ဟု Maariv သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

“ကာကြယ္ေရး ဝန္ႀကီးဌာနရဲ့ စစ္ဦးစီးခ်ဳပ္ႏွင့္ ကာကြယ္ေရး အတြင္းဝန္တို႔ဟာ ဇိမ္ခံပစၥည္းမ်ား မဟုတ္ပါဘူး၊ ဝန္ႀကီးဌာနနဲ႔ ကာကြယ္ေရး တပ္မေတာ္ကို ညြန္ၾကားခ်က္ ေပးပို႔ရာမွာ အေရးႀကီးတဲ့ အုပ္ခ်ဳပ္ေရးလက္႐ုံး ျဖစ္ပါတယ္။” ဟု သတင္းအရင္းျမစ္မ်ားက ဆိုသည္။

ထိုျငင္းဆိုမႈသည္ Shin Bet ႏွင့္ Mossad အႀကီး အကဲမ်ားႏွင့္အတူ Gallant ၏ အစည္း အေဝးမ်ားသို႔ အစီရင္ခံျခင္းအား တားဆီးျခင္း အပါအဝင္ အေစာပိုင္းကာလ Gallant ၏ အျပဳအမူအေပၚ တိုက္ရိုက္ဆက္ႏႊယ္မႈတစ္ခုျဖစ္ၿပီး၊ ထိုကဲ့သို႔ အျဖစ္အပ်က္မ်ိဳး တစ္ခါမွ မျဖစ္ခဲ့ဖူးေၾကာင္း သတင္းရင္းျမစ္မ်ားက ဆိုပါသည္။

ေနတန္ညာဟုႏွင့္ နီးစပ္ေသာ သတင္းရင္းျမစ္မ်ားက ဤသည္မွာ “နိုင္ငံေရးမၽွသာ” ဟု ေဖာ္ျပခဲ့ကာ စစ္ပြဲအတြင္း ေနတန္ညာဟုႏွင့္ Gallant အၾကား တင္းမာမႈမ်ား ဆက္လက္ႀကီးထြားလာျခင္းေၾကာင့္ အစိုးရအဖြဲ႕အတြင္း ပူပန္ေသာက ေရာက္မႈမ်ား ျဖစ္ေပၚလာေစခဲ့သည္။

အစၥေရး လူ႔အဖြဲ႕အစည္းအေပၚ တရားစီရင္ေရး ျပဳ ျပင္ေျပာင္းလဲမႈ၏ သက္ေရာက္မႈမ်ားကို ကာကြယ္ ေရးဝန္ႀကီးက သတိေပးခဲ့ၿပီးေနာက္ မတ္လတြင္ Gallant ႏွင့္ ေနတန္ညာဟုတို႔ ထိပ္တိုက္ေတြ႕ဆုံခဲ့ကာ ဝန္ႀကီးကို ထုတ္ပစ္မည္ဟု ေၾကျငာျခင္းျဖင့္ တုံ႔ျပန္ခဲ့ၿပီး ဆုံးျဖတ္ခ်က္ကို ဆန႔္က်င္ကန႔္ကြက္သည့္ ႀကီး မားေသာ ဆႏၵျပပြဲမ်ား ေပၚေပါက္လာၿပီးေနာက္ ေနတန္ယာဟုက ဆုံးျဖတ္ခ်က္ကို ရပ္တန႔္လိုက္၍ ဝန္ ႀကီးကို အလုပ္ထုတ္ျခင္းမွ ေက်ာခိုင္းခဲ့သည္။

Likud လႊတ္ေတာ္အမတ္ Tally Gotliv က စေနေန႔ညတြင္ လုံျခဳံေရးအစိုးရအဖြဲ႕အတြင္း အစီရင္ခံတင္ျပထားေသာ အျငင္းပြားမႈကို X တြင္ တုံ႔ျပန္ေရးသားခဲ့ရာ “သူငယ္တန္းကေလးေတြလို ျပဳမူတဲ့ ကန႔္သတ္အစိုးရ အဖြဲ႕ကို မင္း ဘယ္လို ယုံနိုင္မလဲ၊ ကာကြယ္ေရးဝန္ႀကီးထက္ Tzachi Hanegbi ကို ပိုၿပီးယုံၾကည္ရမွာလား ?၊ ျပည္သူေတြကို ေျပာဆို ညႊန္ၾကားေပးမယ့္ တာ ဝန္ရွိ လူႀကီးတစ္ေယာက္မွ မရွိဘူးလား ?။ Geez မင္း က စစ္ပြဲကို စီမံေနတာ၊ ကာကြယ္ေရးဝန္ႀကီးက သူ႔ရဲ့ညာ လက္႐ုံးအျဖစ္ ထမ္းေဆာင္ေနတဲ့ သူ႔လက္ေထာက္ကို မေခၚရရင္ သူ႔ညာဖက္ လက္႐ုံးအျဖစ္ ဘယ္သူရွိမွာလဲ။ ” မင္းတို႔အားလုံးက ကေလးငယ္ေတြနဲ႔ အတူတူပါဘဲ ” ဟု Gotliv က ဆက္လက္ ေရးသား ေျပာဆိုခဲ့ေၾကာင္း ေဂ်႐ုဆလင္ပို႔စ္ သတင္းတြင္ ေဖာ္ျပထား သည္။

==========

လက်ထောက်များ ပါဝင်ခြင်းနှင့် ပတ်သက်၍ အငြင်းပွားမှုဖြစ်ပွားပြီး ကာကွယ်ရေးဝန်ကြီး Gallant သည် ကက်ဘိနက်အဖွဲ့ အစည်းအဝေးမှ ထွက်သွား

ဇန်နဝါရီ ၁၅

အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant သည် ၎င်း၏ လက်ထောက်များ ပါဝင်ခြင်းနှင့် ပတ်သက်၍ အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၁၃ ရက် စနေနေ့ညပိုင်းက လုံခြုံရေးကက်ဘိနက်အဖွဲ့ အစည်းအဝေးခန်းမှ ထွက်ခွါသွားခဲ့ကြောင်း အစ္စရေးမီဒီယာက ဖော်ပြခဲ့ပါသည်။

ကက်ဘိနက်အဖွဲ့ အစည်းအဝေးသို့ လက်ထောက် များ ဝင်ရောက်မှု ပိတ်ပင်ရန် သတ်မှတ်ထားပြီး Gallant ၏ စစ်ဦးစီးချုပ် ဝင်ခွင့်ကို ငြင်းပယ်ခံခဲ့ရသော်လည်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု နှင့် အခြားအရာရှိများကို လက် ထောက်များ ခေါ်ဆောင်လာရန် ခွင့်ပြုခဲ့ကာ အစီ ရင်ခံချက်များအရ Gallant ၏ ကာကွယ်ရေးအတွင်းဝန်ကို အစည်းအဝေးသို့ ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

Gallant သည် ဒေါသတကြီးဖြင့် ငြင်းဆိုမှုကို တုံ့ ပြန်ခဲ့ပြီး အငြင်းအခုံဖြစ်ခဲ့ကာ၊ ငြင်းခုံမှုအတွင်း အမျိုး သားလုံခြုံရေးကောင်စီ အကြီးအကဲ Tzachi Hanegbi က ” မိမိအနေဖြင့်တောင်မှပဲ လက်ထောက်တွေ ဒီမှာ မခေါ်လာခဲ့ပါဘူး” ဟု ပြောကြားမှုကို Gallant က ခင်ဗျားကိုယ်တိုင် လက်ထောက် တစ်ယောက် ဖြစ်တယ် ဆိုတာ မေ့သွားတာလား”ဟု ပြန်လည်ပြောဆိုခဲ့မှုအား Walla က ဖော်ပြထားသည်။

အစိုးရအဖွဲ့ အစည်းအဝေး ဒုတိယပိုင်း အတွင်း Gallant ပြန်လာခဲ့ပြီး ၎င်းနှင့် နီးစပ်သော သတင်းအရင်းမြစ်များက အကူအညီများ ခေါ်ဆောင်လာခြင်း တားမြစ်ထားသော်လည်း အစည်းအဝေးသို့ နေတန်ညာဟု၏ လက်ထောက်ငါးဦး ခေါ်ဆောင်ခဲ့သည်ဟု Maariv သတင်းဌာနသို့ ပြောကြားခဲ့သည်။

“ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စစ်ဦးစီးချုပ်နှင့် ကာကွယ်ရေး အတွင်းဝန်တို့ဟာ ဇိမ်ခံပစ္စည်းများ မဟုတ်ပါဘူး၊ ဝန်ကြီးဌာနနဲ့ ကာကွယ်ရေး တပ်မတော်ကို ညွန်ကြားချက် ပေးပို့ရာမှာ အရေးကြီးတဲ့ အုပ်ချုပ်ရေးလက်ရုံး ဖြစ်ပါတယ်။” ဟု သတင်းအရင်းမြစ်များက ဆိုသည်။

ထိုငြင်းဆိုမှုသည် Shin Bet နှင့် Mossad အကြီး အကဲများနှင့်အတူ Gallant ၏ အစည်း အဝေးများသို့ အစီရင်ခံခြင်းအား တားဆီးခြင်း အပါအဝင် အစောပိုင်းကာလ Gallant ၏ အပြုအမူအပေါ် တိုက်ရိုက်ဆက်နွှယ်မှုတစ်ခုဖြစ်ပြီး၊ ထိုကဲ့သို့ အဖြစ်အပျက်မျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးကြောင်း သတင်းရင်းမြစ်များက ဆိုပါသည်။

နေတန်ညာဟုနှင့် နီးစပ်သော သတင်းရင်းမြစ်များက ဤသည်မှာ “နိုင်ငံရေးမျှသာ” ဟု ဖော်ပြခဲ့ကာ စစ်ပွဲအတွင်း နေတန်ညာဟုနှင့် Gallant အကြား တင်းမာမှုများ ဆက်လက်ကြီးထွားလာခြင်းကြောင့် အစိုးရအဖွဲ့အတွင်း ပူပန်သောက ရောက်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။

အစ္စရေး လူ့အဖွဲ့အစည်းအပေါ် တရားစီရင်ရေး ပြု ပြင်ပြောင်းလဲမှု၏ သက်ရောက်မှုများကို ကာကွယ် ရေးဝန်ကြီးက သတိပေးခဲ့ပြီးနောက် မတ်လတွင် Gallant နှင့် နေတန်ညာဟုတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကာ ဝန်ကြီးကို ထုတ်ပစ်မည်ဟု ကြေငြာခြင်းဖြင့် တုံ့ပြန်ခဲ့ပြီး ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်သည့် ကြီး မားသော ဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီးနောက် နေတန်ယာဟုက ဆုံးဖြတ်ချက်ကို ရပ်တန့်လိုက်၍ ဝန် ကြီးကို အလုပ်ထုတ်ခြင်းမှ ကျောခိုင်းခဲ့သည်။

Likud လွှတ်တော်အမတ် Tally Gotliv က စနေနေ့ညတွင် လုံခြုံရေးအစိုးရအဖွဲ့အတွင်း အစီရင်ခံတင်ပြထားသော အငြင်းပွားမှုကို X တွင် တုံ့ပြန်ရေးသားခဲ့ရာ “သူငယ်တန်းကလေးတွေလို ပြုမူတဲ့ ကန့်သတ်အစိုးရ အဖွဲ့ကို မင်း ဘယ်လို ယုံနိုင်မလဲ၊ ကာကွယ်ရေးဝန်ကြီးထက် Tzachi Hanegbi ကို ပိုပြီးယုံကြည်ရမှာလား ?၊ ပြည်သူတွေကို ပြောဆို ညွှန်ကြားပေးမယ့် တာ ဝန်ရှိ လူကြီးတစ်ယောက်မှ မရှိဘူးလား ?။ Geez မင်း က စစ်ပွဲကို စီမံနေတာ၊ ကာကွယ်ရေးဝန်ကြီးက သူ့ရဲ့ညာ လက်ရုံးအဖြစ် ထမ်းဆောင်နေတဲ့ သူ့လက်ထောက်ကို မခေါ်ရရင် သူ့ညာဖက် လက်ရုံးအဖြစ် ဘယ်သူရှိမှာလဲ။ ” မင်းတို့အားလုံးက ကလေးငယ်တွေနဲ့ အတူတူပါဘဲ ” ဟု Gotliv က ဆက်လက် ရေးသား ပြောဆိုခဲ့ကြောင်း ဂျေရုဆလင်ပို့စ် သတင်းတွင် ဖော်ပြထား သည်။