ေတာင္ကိုရီးယားနိုင္ငံသို႔ ျမန္မာလုပ္သား ၁၅၁ ဦးကို ဇန္နဝါရီလ ၁၀ ရက္တြင္ ေစလႊတ္

ဇန္နဝါရီလ ၁၁

၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလအတြင္း ပထမဦးဆုံးအႀကိမ္အျဖစ္ ေတာင္ကိုရီးယားနိုင္ငံသို႔ ျမန္မာလုပ္သား ၁၅၁ ဦး ကို ေစလႊတ္ခဲ့တယ္လို႔ ဆိုးလ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ဇန္နဝါရီလ ၁၀ ရက္မွာ ထုတ္ျပန္ပါတယ္။
ကိုရီးယားသမၼတနိုင္ငံသို႔ အစိုးရျပည္ပအလုပ္အကိုင္ေအဂ်င္စီ POEA ကတစ္ဆင့္ EPS စနစ္နဲ႔ ေစလႊတ္ လိုက္တဲ့ ကုန္ထုတ္လုပ္သားသစ္ ၁၅၁ ဦးဟာ ဇန္နဝါရီ ၁၀ ရက္မွာ ရန္ကုန္ၿမိဳ႕ကေန အင္ခၽြန္းအျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ေရာက္ရွိခဲ့တယ္လို႔ သံ႐ုံးကထုတ္ျပန္ထားပါတယ္။
လုပ္သားေတြကို ဆိုးလ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ အလုပ္သမားသံအရာရွိက ႀကိဳဆိုခဲ့ၿပီး အလုပ္သမားမ်ား သိရွိ လိုက္နာသင့္တဲ့ အခ်က္ေတြကိုမွာၾကားကာ လိုအပ္တာေတြ ကူညီပံ့ပိုးေပးခဲ့တယ္လို႔ သိရပါတယ္။
လက္ရွိအခ်ိန္ထိ ေတာင္ကိုရီးယားနိုင္ငံမွာ ျမန္မာလုပ္သား ၅၀,၀၀၀ ေက်ာ္ ေရာက္ရွိလုပ္ကိုင္ေနတယ္လို႔ ကိုရီးယားေရာက္ ျမန္မာလုပ္သားမ်ားထံမွ သိရၿပီး POEA ကေနတစ္ဆင့္ EPS စနစ္နဲ႔ လစဥ္ လုပ္သားေစလႊတ္မႈ ရွိတယ္လို႔ သိရပါတယ္။

============

တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား ၁၅၁ ဦးကို ဇန်နဝါရီလ ၁၀ ရက်တွင် စေလွှတ်

ဇန်နဝါရီလ ၁၁

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား ၁၅၁ ဦး ကို စေလွှတ်ခဲ့တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ဇန်နဝါရီလ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ POEA ကတစ်ဆင့် EPS စနစ်နဲ့ စေလွှတ် လိုက်တဲ့ ကုန်ထုတ်လုပ်သားသစ် ၁၅၁ ဦးဟာ ဇန်နဝါရီ ၁၀ ရက်မှာ ရန်ကုန်မြို့ကနေ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့တယ်လို့ သံရုံးကထုတ်ပြန်ထားပါတယ်။
လုပ်သားတွေကို ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိက ကြိုဆိုခဲ့ပြီး အလုပ်သမားများ သိရှိ လိုက်နာသင့်တဲ့ အချက်တွေကိုမှာကြားကာ လိုအပ်တာတွေ ကူညီပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၅၀,၀၀၀ ကျော် ရောက်ရှိလုပ်ကိုင်နေတယ်လို့ ကိုရီးယားရောက် မြန်မာလုပ်သားများထံမှ သိရပြီး POEA ကနေတစ်ဆင့် EPS စနစ်နဲ့ လစဉ် လုပ်သားစေလွှတ်မှု ရှိတယ်လို့ သိရပါတယ်။