ျပည္ခိုင္ၿဖိဳးပါတီဗဟိုအတြင္းေရးမႉး ဦးသန္းထြန္းႏွင့္ က်ဳံေပ်ာ္ခရိုင္ ပါတီတာဝန္ရွိသူမ်ားေတြ႕ဆုံ

က်ဳံေပ်ာ္ စက္တင္ဘာ ၂၇
ဧရာဝတီတိုင္း​ေဒသႀကီး၊က်ဳံေပ်ာ္ခရိုင္ပါတီ႐ုံးခန္းမ၌ (၂၇.၉.၂၀၂၃)ေန႔နံနက္ (၀၉:၃၀)နာရီ အခ်ိန္တြင္ခရိုင္အတြင္းရွိက်ဳံေပ်ာ္၊ေက်ာင္းကုန္း၊ေရၾကည္ၿမိဳ႕နယ္မ်ားမွဥကၠ႒၊အတြင္းေရးမႉး၊ေကာ္မတီဝင္မ်ားႏွင့္ပါတီဗဟိုအတြင္းေရးမႉးဦးသန္းထြန္း(တိုင္းေဒသႀကီးေပါင္းစပ္ညႇိႏွိုင္းေရးမႉး)ႏွင့္ေတြ႕ဆုံခဲ့ပါသည္။
ေရွးဦးစြာက်ဳံေပ်ာ္ခရိုင္ပါတီပါတီဥကၠ႒ဦးျမင့္ႀကိဳင္မွခရိုင္ပါတီစတင္ဖြဲ႕စည္းခဲ့သည္မွယေန႔ထိခရိုင္တြင္းရွိၿမိဳ႕နယ္မ်ားႏွင့္ခ်ိတ္ဆက္၍ အထက္ပါတီအဆင့္ဆင့္မွလမ္းညႊန္ခ်က္မ်ား ေဆာင္ရြက္ခ်က္မ်ားရွင္းလင္းပါသည္။
ယင္းေနာက္ တိုင္းပါတီဥကၠ႒ ဦးသိန္းထြန္းမွUECသို႔တင္ျပထားေသာပါတီဝင္အင္အားစာရင္းမ်ားျပန္လည္စိစစ္တင္ျပနိုင္ေရး၊ျပည့္မ႑ိဳင္လုပ္ငန္းစဥ္ဆုံဆည္းရာေတြ႕ဆုံမႈအစီအစဥ္လြဲမွားမႈမ်ားကိုရွင္းလင္းေဆြးေႏြး​​ပါသည္။
ပါတီဗဟိုအတြင္းေရးမႉးဦးသန္းထြန္း(တိုင္းေဒသႀကီးေပါင္းစပ္ညႇိႏွိုင္းေရးမႉး)မွတိုင္းပါတီဥကၠ႒၊ခရိုင္ပါတီဥကၠ႒မ်ား၏တင္ျပခ်က္မ်ားကိုျဖည့္စြက္ရွင္းလင္းၿပီးပါတီဗဟိုမွလအလိုက္ခ်မွတ္ေဆာင္ရြက္ေနေသာရက္(၉၀)စီမံခ်က္ပါလုပ္ငန္းစဥ္မ်ား၊ျပည့္မ႑ိဳင္အစီအစဥ္ဆုံဆည္းရာကိုအားထည့္လိုက္ပါ အေကာင္အထည္ ေဖာ္ေဆာင္ရြက္ၾကရန္၊ၿမိဳ႕နယ္အလိုက္UECသို႔တင္ျပထားေသာပါတီဝင္အင္အားစာရင္းမ်ားလြဲေခ်ာ္ေနမႈကိုသတ္မွတ္ခ်ိန္အၿပီးစိစစ္တင္ျပနိုင္ရန္စသည္မ်ားကိုတက္ေရာက္လာေသာၿမိဳ႕နယ္ပါတီဥကၠ႒၊အတြင္းေရးမႉး၊ေကာ္မတီမ်ားႏွင့္ရင္းႏွီးေႏြးေထြးစြာေဆြးေႏြးလမ္းညႊန္ခဲ့ပါသည္။
ေတြ႕ဆုံပြဲသို႔ဗဟ္ိုပါတီအတြင္းေရးမႉးဦးသန္းထြန္း(တိုင္းေဒသႀကီးေပါင္းစပ္ညႇိႏွိုင္းေရးမႉး)၊တိုင္းပါတီဥကၠ႒ဦးသိန္းထြန္း၊ေကာ္မတီဝင္ေဒါက္တာထိန္ဝင္း(က်ဳံေပ်ာ္ခရိုင္ပါတီတာဝန္ခံ)၊က်ဳံေပ်ာ္ခရိုင္ပါတီဥကၠ႒ဦးျမင့္ႀကိဳင္၊အတြင္းေရးမႉးဦးသန္းဝင္း၊က်ဳံေပ်ာ္ခရိုင္အတြင္းရွိက်ဳံေပ်ာ္၊ေက်ာင္းကုန္း၊ေရၾကည္ ၿမိဳ႕နယ္မ်ားမွ ဥကၠ႒၊အတြင္းေရးမႉးႏွင့္ေကာ္မတီဝင္မ်ား စုစုေပါင္းအင္အား(၄၅)ဦးတက္ေရာက္ခဲ့ၾကၿပီးမြန္းလြဲ(၁၃:၀၀)နာရီတြင္ေတြ႕ဆုံပြဲ ၿပီးဆုံးခဲ့ပါသည္။

=========================

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်းနှင့် ကျုံပျော်ခရိုင် ပါတီတာဝန်ရှိသူများတွေ့ဆုံ

ကျုံပျော် စက်တင်ဘာ ၂၇
ဧရာဝတီတိုင်း​ဒေသကြီး၊ကျုံပျော်ခရိုင်ပါတီရုံးခန်းမ၌ (၂၇.၉.၂၀၂၃)နေ့နံနက် (၀၉:၃၀)နာရီ အချိန်တွင်ခရိုင်အတွင်းရှိကျုံပျော်၊ကျောင်းကုန်း၊ရေကြည်မြို့နယ်များမှဥက္ကဋ္ဌ၊အတွင်းရေးမှူး၊ကော်မတီဝင်များနှင့်ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်း(တိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူး)နှင့်တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာကျုံပျော်ခရိုင်ပါတီပါတီဥက္ကဋ္ဌဦးမြင့်ကြိုင်မှခရိုင်ပါတီစတင်ဖွဲ့စည်းခဲ့သည်မှယနေ့ထိခရိုင်တွင်းရှိမြို့နယ်များနှင့်ချိတ်ဆက်၍ အထက်ပါတီအဆင့်ဆင့်မှလမ်းညွှန်ချက်များ ဆောင်ရွက်ချက်များရှင်းလင်းပါသည်။
ယင်းနောက် တိုင်းပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းမှUECသို့တင်ပြထားသောပါတီဝင်အင်အားစာရင်းများပြန်လည်စိစစ်တင်ပြနိုင်ရေး၊ပြည့်မဏ္ဍိုင်လုပ်ငန်းစဉ်ဆုံဆည်းရာတွေ့ဆုံမှုအစီအစဉ်လွဲမှားမှုများကိုရှင်းလင်းဆွေးနွေး​​ပါသည်။
ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်း(တိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူး)မှတိုင်းပါတီဥက္ကဋ္ဌ၊ခရိုင်ပါတီဥက္ကဋ္ဌများ၏တင်ပြချက်များကိုဖြည့်စွက်ရှင်းလင်းပြီးပါတီဗဟိုမှလအလိုက်ချမှတ်ဆောင်ရွက်နေသောရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ၊ပြည့်မဏ္ဍိုင်အစီအစဉ်ဆုံဆည်းရာကိုအားထည့်လိုက်ပါ အကောင်အထည် ဖော်ဆောင်ရွက်ကြရန်၊မြို့နယ်အလိုက်UECသို့တင်ပြထားသောပါတီဝင်အင်အားစာရင်းများလွဲချော်နေမှုကိုသတ်မှတ်ချိန်အပြီးစိစစ်တင်ပြနိုင်ရန်စသည်များကိုတက်ရောက်လာသောမြို့နယ်ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူး၊ကော်မတီများနှင့်ရင်းနှီးနွေးထွေးစွာဆွေးနွေးလမ်းညွှန်ခဲ့ပါသည်။
တွေ့ဆုံပွဲသို့ဗဟ်ိုပါတီအတွင်းရေးမှူးဦးသန်းထွန်း(တိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူး)၊တိုင်းပါတီဥက္ကဋ္ဌဦးသိန်းထွန်း၊ကော်မတီဝင်ဒေါက်တာထိန်ဝင်း(ကျုံပျော်ခရိုင်ပါတီတာဝန်ခံ)၊ကျုံပျော်ခရိုင်ပါတီဥက္ကဋ္ဌဦးမြင့်ကြိုင်၊အတွင်းရေးမှူးဦးသန်းဝင်း၊ကျုံပျော်ခရိုင်အတွင်းရှိကျုံပျော်၊ကျောင်းကုန်း၊ရေကြည် မြို့နယ်များမှ ဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့်ကော်မတီဝင်များ စုစုပေါင်းအင်အား(၄၅)ဦးတက်ရောက်ခဲ့ကြပြီးမွန်းလွဲ(၁၃:၀၀)နာရီတွင်တွေ့ဆုံပွဲ ပြီးဆုံးခဲ့ပါသည်။