ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ လုပ်ငန်းညှိနှိင်း အစည်းအဝေး(၁၁/၂၀၂၃)ကျင်းပ


တောင်ကြီး ဇူလိုင် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်၊ခရိုင်၊မြိုနယ်များ လုပ်ငန်းညှိနှိင်းအစည်းအဝေး (၁၁/၂၀၂၃)ကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀၃၀)ချိန်တွင်ကျင်းပရာ အစည်းအဝေးသို ပြည်နယ်ပါတီဥက္ကဋ္ဌဦးစိုင်းလုံကျော်နှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊တောင်ကြီးခရိုင်နှင့် တောင်ကြီးခရိုင်တွင်းရှိ မြိုနယ်များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ကလောခရိုင်တွင်းရှိ မြိုနယ်များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရိုင်နှင့်မြိုနယ်များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ စုစုပေါင်း (၁၆)ဦးတက်ရောက်ကြပြီး နမ့်စန်၊လွိင်လင်၊မိုင်းရှူး၊လင်းခေး ခရိုင်နှင့်ခရိုင်တွင်းရှိမြိုနယ်များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ စုစုပေါင်း(၁၅)ဦးသည် Online ဖြင့် အစည်းအဝေး တက်ရောက်ကြပါသည်။
ပထမဦးစွာ ပြည်နယ်ပါတီ ဥက္ကဋ္ဌမှ ပြည့်မဏ္ဍိုင်လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဆက်လက်အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန်၊ပြည့်သူ့ဆက်ဆံရေး အထောက်အကူပြု ဆင့်ပွားသင်တန်း၊လူငယ်နှင့် အမျိုးသမီး စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းများကို ခရိုင်နှင့် မြိုနယ်များတွင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်၊ရပ်/ကျေးပါတီကော်မတီဝင်များ ခိုင်မာတောင့်တင်းအောင် ဖွဲစည်းထားနိုင်ရေး ဆောင်ရွက်ရန်နှင့် လစဉ်စည်းရုံးရေးနှင့် အခြားလှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်သွားရန် ဆွေးနွေးမှာကြားပါသည်။
ဆက်လက်ပြီး ပါတီကော်မတီဝင်များမှလည်း မိမိတိုသက်ဆိုင်ကဏ္ဍအလိုက် ဆွေးနွေးကြပြီး တက်ရောက်လာကြသော ခရိုင်၊မြိုနယ်များမှ ပြန်လည် တင်ပြဆွေးနွေးကာ အစည်းအဝေးကို (၁၅:၃၀)ချိန်တွင် ရပ်နားခဲ့ပါသည်။