ယူကရိန်းခရီးစဉ်အပြီး ပိုလန်သို့ ဘိုင်ဒင် ရောက်ရှိ

ယူကရိန်းသို့ ရုတ်တရုတ် သွားရောက်လှည့်လည်ခဲ့ပြီးနောက် ဘိုင်ဒင်သည် ယခုအခါ သူ၏ မူလခရီးစဉ်ဖြစ်သော ပိုလန်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။

ဘိုင်ဒင်သည် ဇလန်စကီးနှင့် တွေ့ဆုံမှုအပြီး ဖေဖော်ဝါရီလ ၂၀ ရက် တနင်္လာနေ့ ညနေပိုင်းတွင် ပိုလန်၏ မြို့တော် ဝါဆောသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ပိုလန်တွင် နောက်ထပ်နှစ်ရက် နေသွားရန် စီစဉ်ထားကြောင်း သိရသည်။

လွန်ခဲ့သော နှစ်လကတည်းက ကြိုတင်အစီအစဉ်ဆွဲထားသော ဘိုင်ဒင်၏ ပိုလန်ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ပိုလန်၏ ပိုင်နက်နယ်မြေအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များကို ပိုမိုတပ်စွဲရေးအတွက် ဆွေးနွေးသွားရန်ဖြစ်သည်။

ပိုလန်သည် ယူကရိန်းအရေးအခင်း စတင်ပြီးနောက် ၎င်း၏နယ်မြေအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များ ပိုမိုထားရှိနိုင်ရန် ကြိုးပမ်းနေခဲ့ပြီး ဘိုင်ဒင်သည်လည်း ပြီးခဲ့သည့်နှစ် ဇွန်လက ရုရှား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်သည့်အနေဖြင့် ပိုလန်တွင် အမြဲတမ်း စစ်ဌာနချုပ်အသစ်ကို တည်ဆောက်သွားမည်ဟု ပြောထားသည်။

Source: DW