ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်နှင့် အဖွဲ့တောင်ငူမြို့နယ်တွင်ပါတီဝင်များအား တွေ့ဆုံဆွေးနွေးခဲ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးရဲမြင့်ထွန်းနှင့် အဖွဲ့သည် ဇန်နဝါရီလ ၁၅ ရက်နေ့က တောင်ငူမြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် မြို့နယ်ပါတီ၏ကော်မတီဝင် များ ၊ ခရိုင်ပါတီတာဝန်ရှိသူများ ၊ လူငယ်များ ၊ အမျိုးသမီးများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည် ။ ရှေးဦးစွာ နိုင်ငံတော် အလံအား အလေးပြုခြင်း ၊ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုခြင်း ၊အကြမ်းဖက်သမားများ၏လက်ချက်ဖြင့် ကျဆုံးခဲ့ရသောပါတီဝင်များအား ၁ မိနစ်ခန့်ငြိမ်သက်စွာအလေးပြုခြင်းများအားဆောင်ရွှက်ခဲ့သည် ။ အစီစဥ်အရ ပါတီ၏ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ၏ဥက္ကဌ ဦးရဲမြင့်ထွန်းမှ နှုတ်ခွန်းဆက်အမှာစကားပြောကြား ခဲ့ရာတွင် ဗဟို ၊တိုင်းဒေသကြီးပါတီ၏ လုပ်ငန်းလမ်းညွန်ထားရှိမှုများ ၊ ပါတီဝင်များ၏လုံခြုံရေး စုစည်းညီညွတ်မှု ရှိစေရေးနှင့် စုဖွဲ့မှုများစနစ်တစ်ကျရှိစေရေး ၊ ရရှိထားရှိပြီးသော ပါတီဝင်များအားကျစ်လစ်ခိုင်မာစွာ စုစည်းထား နိုင်ရေး၊ ရက် ၉၀ စီမံချက်အား အကောင်အထည်ဖော်ဆောင်နေမှုအခြေအနေများ စသည့်ကိစ္စရပ်များအား အကျယ်တစ်ဝင့်ဆွေးနွေး ချပြရှင်းလင်းပြောကြားခဲ့သည် ။ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်နိုင်မှ နယ်မြေကွင်းဆင်းထိတွေ့ရာတွင် လုံခြုံရေးအသိ ၊ လုံခြုံရေးအမြင်ရှိစေရေး ၊ ဆောင်ရန်/ ရှောင်ရန်ကိစ္စရပ်များအား ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးပါတီကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ ဒေါက်တာသန့်ဇော်လွင်မှ “လူငယ်နှင့်နိုင်ငံရေး” ၊ “မြန်မာနိုင်ငံနှင့်လူငယ်မျိုးဆက်များ ” ၊ “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်များ ” ၊ “ပါတီ၏ အနာဂတ်နှင့်လူငယ်မျိုးဆက်” ၊ PR စနစ်စသည့်ခေါင်းစဥ်များဖြင့်ပြောကြားရှင်းလင်းခဲ့သည် ။ တိုင်းဒေသကြီး ပါတီကော်မတီဝင် မီဒီယာတာဝန်ခံဒေါက်တာထူးခြားအောင်မှ “မီဒီယာနှင့်ပါတီ ” ၊ “မီဒီယာနှင့်လူငယ်များ” ၊ “လူမှုကွန်ယက်နှင့်ဝါဒမှိုင်းတိုက်ခိုက်ခံနေရမှု “စသည့်ခေါင်း စဉ်များဖြင့်လည်းကောင်း ၊တိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဒေါ်ခင်ခင်ဝင်းမှ “ပါတီနှင့်အမျိုးသမီးကဏ္ဍ” ၊ “အမျိုးသမီးနှင့်ပါတီ၏အနာဂတ်” စသည့် ခေါင်းစဉ် များ ဖြင့်ဆွေးနွေးပြောကြားခဲ့သည် ။ အစီအစဉ်များအရ ခရိုင် ၊ မြို့နယ် ပါတီတာဝန်ရှိသူများမှ ပါတီ၏ လုပ်ငန်းများ အား အကောင်အထည်ဖော်ဆောင်ရွှက်နေမှုများအား အသေးစိတ်ရှင်းလင်းတင်ပြခြင်း တက်ရောက်လာကြသော ပါတီဝင်များမှ ပြန်လည်မေးမြန်းခြင်း ၊ ဆွေးနွေးခြင်း ၊ အကြံပြုခြင်းများအား ဆောင်ရွှက်ခဲ့သည် ။ မေးမြန်း ဆွေးနွေး အကြံပြုချက်များအပေါ် တိုင်း ၊ ခရိုင် ၊ မြို့နယ်ပါတီတာဝန်ရှိသူများ ပြန်လည်ဆွေးနွေးခြင်း၊ ရှင်းလင်းခြင်း ၊ ပေါင်းစပ်ညှိနှိုင်းခြင်းများအား ဆောင်ရွှက်ခဲ့ပြီး အကောင်းဆုံးဆွေးနွေးနိုင်ခဲ့သူများအား အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည် ။ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် သုံးလတာ ရက်ပေါင်း ၉၀ စီမံချက်များအား ရာနှုန်းပြည့်ဝစွာ အကောင်အထည် ဖော်ဆောင်ရွှက်ပြီးစီးနိုင်ရန်အတွက် နယ်မြေများအထိကွင်းဆင်းထိတွေ့ခြင်း ၊ တွေ့ဆုံဆွေးနွေးခြင်း ၊ စနစ်တကျ ပေါင်းစပ်ညှိနှိုင်းခြင်းများအား စဥ်ဆက်မပြတ်ဆောင်ရွှက်လျှက်ရှိသည် ။ #USDP #Bago #တောင်ငူမြို့နယ်