ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မျောက်ကျောက်ရောဂါကို mpox ဟု အမည်ပြောင်းလဲသတ်မှတ်

ကမ္ဘာ့နိုင်ငံများတွင် ပျံ့နှံ့ဖြစ်ပွားနေသည့် မျောက်ကျောက်ရောဂါကို အမည်ပြောင်းလဲ သတ်မှတ်ထားပြီး mpox ဟု အသုံးပြုခေါ်ဝေါ် မည်ဖြစ်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က နိုဝင်ဘာ ၂၈ ရက်က ထုတ်ပြန်ကြေ ညာထားသည်။ ဒိန်းမတ်နိုင်ငံတွင် ၁၉၅၈ ခု နှစ်က သုတေသနလုပ်ငန်းအတွက်အသုံးပြု သည့် မျောက်များတွင် စတင်ဖြစ်ပွားရာမှစ ပြီး ရောဂါအမည်ကို မျောက်ကျောက်ရောဂါ  ဟု ခေါ်ဝေါ်လာကြခြင်းဖြစ်သည်။သို့သော် နောက်ပိုင်းတွင် ထိုရောဂါကို  အခြားတိရစ္ဆာန် များတွင် ၊များသောအားဖြင့် ကြွက်များတွင် ပါ တွေ့လာရသည်။ ယခုနှစ်စောပိုင်းတွင် ထို ရောဂါဖြစ်မှု များလာသည်နှင့်အမျှ ခွဲခြား ဆက်ဆံသည့်၊ ကဲ့ရဲ့ပြစ်တင်သည့် အပြောအ ဆိုများလည်းဖြစ်လာပြီး ၎င်းတို့ထံတင်ပြလာသည်ဟု WHO ကပြောသည်။ကမ္ဘာ့ကျန်းမာ ရေးကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီးနောက် WHO က မျောက်ကျောက်၏အလားတူနာ မည်အဖြစ် mpox ဟုသုံးနှုန်းမည်ဖြစ်ပြီး မျောက်ကျောက်နာမည် တစ်စတစ်စပျောက် သည့်အထိ နာမည်နှစ်မျိုးစလုံးကို တစ်နှစ် ကြာအထိ တစ်ပြိုင်တည်း သုံးမည်ဟု WHO ကထုတ်ပြန်သည်။