ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဂျပန်-မြန်မာ ချစ်ကြည် ရေးအသင်း ဥက္ကဋ္ဌ H.E. Mr. Hideo Watanabe တို့တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ H.E. Mr. Hideo Watanabe အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့ ၁၁၃ဝ နာရီတွင် ပါတီဌာနချုပ်၊ ဧည့်ခန်းမဆောင်၌ ချစ်ကြည်ရင်းနှီးစွာ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌမှ ပါတီ၏ လတ်တလောဦးစားပေးနယ်ပယ်အလိုက် ဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းပြခဲ့ပြီး H.E Mr. Hideo Watanabe က ၎င်း ၏ နိုင်ငံရေးအတွေ့အကြုံများ၊ မြန်မာနိုင်ငံနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပေါ် စဉ်ဆက်မပြတ် ကူညီဆောင်ရွက် ပေးနေမှုများ၊ နှစ်နိုင်ငံပါတီ အချင်းချင်း ဆက်သွယ်ဆက်ဆံနိုင်ရေး ဆောင်ရွက်ပေးမည့် အခြေအနေများကိုလည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ပါတီဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေ အတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်လှိုင်၊ ဦးအောင်စိုးနှင့် ဦးအေးလွင်တို့လည်း တက်ရောက်ခဲ့ကြပြီး ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းမှ H.E. Mr. Hideo Watanabe နှင့်အတူ အဖွဲ့ဝင် (၂)ဦး လိုက်ပါတက်ရောက်ခဲ့ပါသည်။

#USDP #Myanmar

#Naypyitaw