ရုရှားနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံ ငွေအဖွဲ့နှင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် သည် ရုရှားနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ် နှံမှုရန်ပုံငွေအဖွဲ့၏ ညွှန်ကြားရေးမှူး မစ္စတာ အ လက်ဇန်းဒါး ဆာဂီးအဲဗစ်ရှ် ရှာတီရော့ဗ်အား နိုဝင်ဘာ ၈ ရက်(ယနေ့)နံနက် ၈ နာရီက နေပြည်တော် ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ လက်ခံတွေ့ဆုံပြီးနောက် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာနနှင့် ရော့စ်ကွန် ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ တို့ကြားကုန် သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ပြင် မြန်မာ-ရုရှား နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှစ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။  source:popularnews