လေယာဉ်မှူးများ ဆန္ဒဖော်ထုတ်၍ လေကြောင်းခရီးများရပ်ဆိုင်း

ကင်ညာနိုင်ငံလေဆိပ်မှာ လေယာဉ်မှူးတွေ ၃ ရက်ကြာ ဆန္ဒဖော်ထုတ်ခဲ့တဲ့အတွက် လေကြောင်းခရီးအတော် များများ ရပ်ဆိုင်းသွားခဲ့ရပါတယ်။ အဲဒီအတွက် လေဆိပ်မှာ  ခရီးသည်အများအပြား  သောင်တင်နေခဲ့ရပါတယ်။ ခရီးသည်တွေဟာ သူတို့ရဲ့ ခရီးစဉ်တွေအတွက် တခြားလေကြောင်းခရီးစဉ်တွေကို ပြောင်းလဲစီးနင်းဖို့ ဖိအားပေး ခံခဲ့ရပါတယ်။

ဒါကြောင့် ခရီးသည်တွေဟာ လေကြောင်းခရီးစဉ်တွေ ပြောင်းလဲလိုက်ရတဲ့အတွက် ခရီးသွားချိန် ပိုမိုကြာမြင့်မှာကို ပူပန်နေကြရပြီး အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီဆန္ဒထုတ်ဖေါ်မှုဟာ ကင်ညာ နိုင်ငံရဲ့ အမျိုးသားလေကြောင်းလိုင်း လေယာဉ်မှူးတွေက အငြိမ်းစားစုဆောင်းငွေ အစီအစဉ်ကို ကန့်ကွက်ခဲ့ကြတာပါ။  အဲဒီဆန္ဒထုတ်ဖော်မှုကြောင့် သီတင်းပတ်ကုန်မှာ လေယာဉ်ခရီးစဉ် ၅၆ ခု ဖျက်သိမ်းရဖွယ်ရှိပြီး ခရီးသွား ၁၂၀၀၀ ကို နှောင့်နှေးကြန့်ကြာသွားစေနိုင်တယ်လို့ သိရပါတယ်။

-Ref:Reuters