အင်းစိန်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲပြုလုပ်ခြင်း

အင်းစိန်မြို့နယ်၊ နိုဝင်ဘာ ၇

ပါတီဥက္ကဌကြီး ဦးခင်ရီ ၏ မူဝါဒ၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဌ ဦးခင်မောင်စိုး၏ လမ်းညွှန်ချက် အရံပါတီ ဗဟိုကော်မတီဝင်ဦးမင်းသူထွန်း၏ ညွှန်ကြားချက်အရ အင်းစိန်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲအား ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၇)ရက် နံနက်(၀၇:၂၀)ချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပါတီနှင့် သက်ဆိုင်သော ရုံးလုပ်ငန်းများ ပြန်လည်စတင်လည်ပတ်ရှိပါသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဌ ဦးသူရိန်လင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးဥက္ကဌများနှင့် မိမိပါတီကို ထောက်ခံအားပေးသူများ တက်ရောက်ခဲ့ကြပါသည်။