သင်ကန်းကျွန်းခရိုင်ပြည်ခိုင်ဖြိုးပါတီ စုပေါင်း မဟာဘုံကထိန်ပွဲကျင်းပ

သင်ကန်းကျွန်း။ နိုဝင်ဘာ(၆)

ရန်ကုန်တိုင်းဒေသကြီး၊ သဃန်းကျွန်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန်ပွဲကို ၆-၁၁-၂၀၂၂နံနက် (၆:၃၀)က တောင်ဥက္ကလာပမြို့နယ် ရတနာဒီပံဘုန်းကြီး ကျောင်းတွင် ကျင်းပခဲ့ကြပါသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွက်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဆုထူးပန် ကျောင်းတိုက်ဆရာတော်မှ ကထိန်သက်န်းလှုဒါန်းရခြင်း၏ အကျိုးကျေးဇူးကို ပြောကြား၍ သီလပေးတရားဟောကြားခဲ့ပါသည်။ ထို့နောက် ခရိုင်ပါတီဥက္ကဌ ဦး​ကျော်သီဟ ၊ မြို့နယ်ပါတီဥက္ကဌများနှင့် တာဝန်ရှိသူများက သံယာတော်များအား ကထိန်လျာ သက်န်းနှင့် လှုဖွယ်ပစွည်းများ ဆပ်ကပ်လှုဒါန်းကြပြီးနောက် ဆရာတော်သံယာတော်များအား အာရုံဆွမ်း ဆပ်ကပ်လှုဒါန်းခဲ့ကြပါသည်။

အခမ်းအနားသို့  သဃန်းကျွန်းခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်သီဟ၊ မြို့နယ်ပါတီဥက္ကဌများနှင့်ကော်မတီဝင်များ၊ ရပ်ကွက် ပါတီခေါင်းဆောင်များနှင့် အမာခံပါတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ အင်အား(၁၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။ သင်္ကန်းကျွန်းပြည်ခိုင်ဖြိုးပါတီ၏ ယနေ့လှုဒါန်းမှုမှာ … ပစ္စည်း တန်ဖိုး(၈၅၀၀၀၀)ကျပ်၊ ငွေသားတန်ဖိုး (၅၀၀၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုး (၁၃၅၀၀၀)ကျပ် လှုဒါန်းခဲ့ကြောင်း သိရသည်။