Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၅၇) ဦး တွေ့ရှိ

အောက်တိုဘာ ၂၅ ရက် ည ၈ နာရီမှ အောက်တိုဘာ ၂၆ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၁၀,၇၂၄ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၁၅၇ ဦး‌ တွေ့ရှိပြီး ထပ်မံသေဆုံးသူ နှစ်ဦးရှိခဲ့ကြောင်း  အောက်တိုဘာ ၂၆ ရက် ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ၂၆  ရက် ည ၈ နာရီအထိ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၃၁,၀၅၉ ဦး ရှိပြီး ယင်းနေ့အတွက် ပိုးတွေ့ရှိမှုမှာ ၁ ဒသမ ၄၆ ရာခိုင်နှုန်း ရှိခဲ့ကာ သေဆုံးသူ နှစ်ဦးရှိသဖြင့် သေဆုံးသူ စုစုပေါင်း ၁၉,၄၈၀ ဦးရှိကြောင်း သိရသည်။

ထို့ပြင်  အောက်တိုဘာ ၂၆ ရက် ၌ ဆေးရုံများတွင် ကုသပြီး ပြန်လည်ကောင်းမွန်လာသူနှင့် နေအိမ်တွင် သီးခြား ထားရှိရာမှ ပြန်လည်ကောင်းမွန်လာသူ ၂၃၂ ဦးရှိသဖြင့်  ပြန်လည်ကောင်းမွန်လာသူစုစုပေါင်း ၆၀၄,၉၄၁ ဦး ရှိဖြစ်ကြောင်း သိရသည်။

ထိုသို့ ဓာတ်ခွဲစမ်းသပ်မှုများကို ကျန်းမာရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ၊ ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ နေပြည်တော် အမှတ်(၂)တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ လားရှိုး အမှတ် (၉) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊​ ပုဂ္ဂလိက ဆေးရုံနှင့် ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှာ COVID-19 Rapid Antigen Diagnostic Test  ဖြင့် စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ MOH