တိုင်ဆန်ဖျူရီက တွမ်ရှောဝါ့ဇ်ကိုအား ဒုတိယအချီတွင် အလဲထိုးအနိုင်ယူ

တိုင်ဆန်ဖျူရီဟာ နာမည်ကြီး ဝိုင်ဒါနဲ့ မကျေပွဲ ပြန်လည်မထိုးသတ်မီ ကြားပွဲစဉ်တပွဲဖြစ်တဲ့ တွမ်ရှောဝါ့ဇ်ကိုနဲ့ပွဲကို လာ့စ်ဗီးဂတ်စ်မှာ ထိုးသတ်ခဲ့ပြီး အံ့အားသင့်ဖွယ်လက်စွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ဂျာမနီလက်ဝှေ့ကျော် တွမ်ရှောဝါ့ဇ်ဟာ ပွဲမစခင်က ဖျူရီကို ဒုက္ခပေးနိုင်မယ့် လက်ဝှေ့သမားလို့ အားလုံးက သုံးသပ်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ နှစ်ချီမြောက်မှာတင် ဗြိတိန်သားက အောင်ပွဲခံသွားခဲ့ပါတယ်။ ရှောဝါ့ဇ်ဟာ ပထမအချီ မှာတော့ ဖျူရီနဲ့ သူမသာကိုယ်မသာ ထိုးသတ်နိုင်ခဲ့ပေမယ့် ဒုတိယအချီမှာတော့ ဖျူရီရဲ့ လက်သီးချက်တွေကို မကာကွယ်နိုင်ခဲ့ဘဲ အလဲထိုးခံလိုက်ရတာလည်း ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ နှစ်ဦးစလုံးအတွက် ပထမဆုံး အမေရိကန်မှာ ထိုးသတ်တဲ့ပွဲဖြစ်လာပြီးတော့ တိုင်ဆန်ဖျူရီကတော့ လာမယ့်ပွဲမှာ ဝိုင်ဒါကို အလဲထိုးအနိုင်ရနိုင်ဖို့ လေ့ကျင့်သား ပြည့်ဝနေပြီဆိုတာကို ပြသခဲ့တာ ဖြစ်ပါတယ်။ -Ref:Skysports