ဟိုချီမင်း ရုပ်တု ရှေ့က အမေရိကန်-ဗီယက်နမ် ခေါင်းဆောင် နှစ်ဦး

အမေရိက-မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိမ်ရှင် ဗီယက်နမ်နိုင်ငံ သမ္မတ ငုယန်ဖူထရောင် (Nguyen Phu Trong) နဲ့ ဖေဖော်ဝါရီလ ၂၇ ရက် ဒီနေ့ နံနက်ပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံ အစည်းအဝေး ပွဲ ကျင်းပတဲ့ ဗီယက်နမ်သမ္မတ အိမ်တော်ကို မစ္စတာ ထရမ့် ရောက်လာချိန်မှာ ကလေးသူငယ်တွေကလည်း အမေရိကန်-ဗီယက်နမ် နှစ်နိုင်ငံ အလံကို ဝှေ့ယမ်း နှုတ်ဆက်ခဲ့ကြပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ဒီနေ့ ညနေပိုင်းမှာ ခေတ္တခဏ နှစ်ယောက်ချင်း သီးသန့် တွေ့ဆုံဖို့ ရှိပြီး ညစာလည်း အတူ စားဖို့ ရှိပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက် (ကြာသပတေးနေ့) မနက်ဖြန် မှာတော့ နှစ်နိုင်ငံ အပြန်အလှန် ဆွေးနွေးပွဲတွေ ပြုလုက်ကြပါမယ်။

ဒုတိယအကြိမ်မြောက် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးပွဲ ကျင်းပတဲ့ ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှာလည်း ဒီဆွေးနွေးပွဲကို ကြိုဆိုတဲ့ ပုံရိပ်တွေ အနှံ့အပြားတွေ့မြင်နေရပါတယ်။

-Ref:BBC