ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင် အာရှနိုင်ငံများ၏ နိုင်ငံရေးပါတီများ နိုင်ငံတကာညီလာခံ ( ICAPP) သို့ တက်ရောက်

 

မော်စကို၊ အောက်တိုဘာ ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ မော်စကိုမြို့တွင် ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီမှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်သော အာရှနိုင်ငံများ၏ နိုင်ငံရေးပါတီများ နိုင်ငံတကာညီလာခံ ICAPP (International Conference of Asian Political Parties) အစည်းအဝေးသို့ တက်ရောက် ဆွေးနွေးခဲ့သည်။

ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင် ဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်လျှက်ရှိသည့် ICAPP ညီလာခံအား ရုရှားနိုင်ငံမှ အလှည့်ကျတာဝန်ယူကျင်းပလျက်ရှိပြီး နိုင်ငံပေါင်း ၅၂ နိုင်ငံမှ ပါတီပေါင်း ၃၅၀ တက်ရောက်လျှက်ရှိကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်အဖွဲ့လည်းတက်ရောက်ဆွေးနွေးလျှက်ရှိပြီး မြန်မာနိုင်ငံမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်
ICAPP ၏ အမြဲတမ်းကော်မတီဝင်ပါတီတစ်ခု ဖြစ်ကြောင်း သိရသည်။