ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့် ပါတီဝင်တွေ့ဆုံပွဲများကျင်းပ

 

မအူပင် သြဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် ပါတီဝင်များနှင့်တွေ့ဆုံ ခြင်း၊ ပါတီဝင်အသစ်များဝင်ရောက် သဖြင့် ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ခြင်း စသည့်လုပ်ငန်းများ ကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ ဇူလိုင် ၃ဝ ရက်နှင့် ယမန်နေ့တို့တွင် မအူပင်မြို့ပေါ်ရှိ (၆)ရပ်ကွက်နှင့်(၁)ရပ်ကွက်တို့၌ ပါတီဝင်များနှင့်တွေ့ဆုံပွဲများ ကျင်းပ ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃ဝ ရက် ည ၇ နာရီ တွင် မအူပင်မြို့ (၆)ရပ်ကွက် ခိုင်သဇင်လမ်းရှိ ပါတီဝင်ဒေါ်အေး အေးကြည်နေအိမ်၌ ပါတီဝင် အသစ် ၄၃ ဦး၏ ပါတီဝင်အဆိုပြု လွှာပေးအပ်ပွဲနှင့် လူငယ်ရေးရာ၊ အမျိုးသမီးရေးရာပါတီဝင်များနှင့် တွေ့ဆုံပွဲကိုလည်းကောင်း၊ ယမန် နေ့ ည ၇ နာရီတွင် မအူပင်မြို့ (၁)ရပ်ကွက် ဝေဠုဝန်ကျောင်း လမ်းရှိ မြို့နယ်အရန်ပါတီကော် မတီဝင် ဦးအောင်နိုင်စိုးနေအိမ်၌ ပါတီဝင်များနှင့်တွေ့ဆုံပွဲကိုလည်း ကောင်းကျင်းပရာ တာဝန်ရှိသူ များက ပါတီဝင်လျှောက်လွှာများ လက်ခံခြင်း၊ မိမိပါတီ၏ဆောင် ရွက်ခဲ့မှုများ၊ ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းများကိုလည်း ကောင်း ရှင်းလင်းဆွေးနွေးခြင်း၊ ပါတီဝင်များက မရှင်းလင်းသည် များကိုမေးမြန်းမှုအပေါ် ပြန်လည် ရှင်းလင်းဖြေကြားခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီကော်မတီဝင်၊ မအူပင် ခရိုင်တာဝန်ခံ ဦးသန်းထွန်း၊ မအူ ပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူး ဦးရန်နိုင်နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစော သောင်းဒန်နှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ (၆)ရပ်ကွက်နှင့် (၁) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ နှင့် ရပ်/ကျေးပါတီကော်မတီဝင် များ၊ လူငယ်ရေးရာအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပါတီဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)