“လောက်ကိုင်မှ စစ်ဘေးရှောင်သူ ဦးရေ ၁၂၀၀ ခန့် ရှိနေပြီ ဖြစ် “

လောက်ကိုင်မှ တိမ်းရှောင်လာသော စစ်ရှောင်ဦးရေ ၁၂၀၀ ခန့် ရှိနေပြီဖြစ်ပြီး လားရှိုးမြို့ရှိ မန်ဆူ ရှမ်းကျောင်းတွင် ခေတ္တအနားယူကာ နေရပ်အသီးသီးသို့ ပို့ဆောင်ပေးနေကြောင်း သတင်းရရှိသည်။

လောက်ကိုင်မြို့ စတင်တိုက်ခိုက်ခံရသည့် မတ်လ ၆ ရက် ညနေမှစကာ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားများ ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး ယနေ့(မတ်လ ၈ ရက်) နေ့လယ်အထိ လူဦးရေ ၁၂၀၀ နီးပါးရှိနေကြောင်း ရှမ်းပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ဦးစီးဌာနမှ သတင်းရရှိသည်။

စစ်ရှောင်အများစုမှာ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးမှဖြစ်ပြီး ကွမ်းလုံ၊ လားရှိုးနှင့် မန္တလေးမြို့မှ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက နေရပ်သို့ပြန်နိုင်ရေး အဆင့်ဆင့်ဆောင်ရွက်ပေးနေသည်။

စစ်ရှောင်များအား နေရပ်သို့ ပြန်နိုင်ရေး ကားကူညီပေးလိုသူများအနေဖြင်h ဖုန်းနံပတ် 09-445107887 နှင့် 09-790201225 သို့ ဆက်သွယ် ကူညီနိုင်ကြောင်း သိရသည်။

ယနေ့နေ့လည်အထိ လောက်ကိုင်အခြေအနေမှာ မြို့တွင်းတွင် တည်ငြိမ်နေသော်လည်း မြို့နှင့်တစ်မိုင်ခန့်အကွာ တရုတ်နိင်ငံနှင့် ကပ်လျက် နယ်စပ်မျဉ်းတစ်လျှောက် (မြန်မာနိုင်ငံဖက်ခြမ်း) တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား နေကြောင်း ဒေသတွင်း လုံခြုံရေးတာဝန်ယူထားသော အရာရှိတစ်ဦးကပြောသည်။

# 7 Day Daily