ပါတီဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့် မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၏ မဲဆွယ်စည်းရုံးပွဲသို့ တက်ရောက်အားပေး

 

ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင် ကော်မတီ သူရဦးအေးမြင့်သည် ယခုလ ၂၄ ရက် နံနက် ၉ နာရီ တွင် မုံရွာမြို့နယ် ယင်းပန်းကျေး ရွာမှ ပါတီမိတ်ဆွေတစ်ဦး၏နေ အိမ်၌ ကျင်းပသည့် မုံရွာ မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက် ပါဝင်ယှဉ်ပြိုင်မည့် ပြည် ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အောင်၏ ကျေး လက်ဒေသနေ မိဘပြည်သူ များနှင့် တွေ့ဆုံ မဲဆွယ်စည်းရုံးပွဲသို့ လိုက် ပါပြီးတက်ရောက်အားပေးခဲ့သည်။

ရှေးဦးစွာ ပါတီဗဟိုဦးဆောင် ကော်မတီဝင်မှ ပါတီကိုယ်စား လှယ်လောင်း ဒေါက်တာဝင်းမြင့် အောင်နှင့် ကျေးလက်ဒေသနေမိဘ ပြည်သူများအား မိတ်ဆက်ပေးခဲ့ ပြီး ဆက်လက်၍ ကိုယ်စားလှယ် လောင်းက မဲဆွယ်စည်းရုံးဟော ပြောခဲ့ရာ ယင်းပန်းကျေးရွာမှ မိဘ ပြည်သူ ၉ဝ ဦးခန့် တက်ရောက်ခဲ့ ကြသည်။

အဆိုပါမဲဆွယ်စည်းရုံးပွဲများ သို့ စစ်ကိုင်းတိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း(ဗဟို အလုပ်အမှုဆောင်)၊ ဗဟိုကော်မတီ ဝင်များဖြစ်ကြသည့် ဦးအောင်ဇော် ဦး(တိုင်းဒေသကြီးပါတီအတွင်း ရေးမှူး)၊ ဦးမင်းမင်းဇေယျာမြင့် (ပါတီလုပ်ငန်းစိစစ်ရေး)၊ ဦးတင့် လှိုင်မြင့်(ပါတီစည်းကမ်းထိန်းသိမ်း ရေး)၊ ဒေါ်သိင်္ဂီဝင်းရွှေ (တိုင်း ဒေသကြီး ပါတီဘဏ္ဍာရေးမှူး)၊ မုံရွာခရိုင်နှင့် မုံရွာမြို့နယ်ပါတီတို့မှ တာဝန်ရှိ သူများလိုက်ပါအားပေး ခဲ့ကြောင်း သိရသည်။

အေးဇေယျာ