ကလောမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် မြို့နယ်မျက်နှာစုံညီ အစည်း အဝေးနှင့် မြို့နယ်ပါတီကော်မတီ ရွေးချယ်တင်မြှာက်ပွဲကို ဇွန်လ (၂၈) ရက် နံနက် (၉) နာရီခွဲအချိန်တွင် ကလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်မှ အဖွင့်အမှာစကား ပြော ကြားပြီး မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမြတ်စိုးမှ ၂၀၁၀ မှ ယနေ့အထိ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းပြောကြား ခဲ့သည်။

Kalaw3

ထို့နောက် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဥာဏ်လင်းမှ မျက်နှာစုံညီ အစည်း အဝေး ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပါတီ ကော်မတီအဟောင်းများ နှုတ်ထွက်ခြင်း ပြုလုပ်ခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသောသူများမှ မြို့နယ်ပါတီကော်မတီ (၁၅) ဦးကို မဲပေးရွေးချယ်ခြင်း အရန် မြို့နယ်ကော်မတီဝင် (၁၆)ဦးကို မဲပေး ရွေးချယ်တင်မြောက်ခြင်း များပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌအဖြစ် ဦးမျိုးသန်းဦး၊ မြို့နယ်ပါတီ အတွင်းရေးမှူးအဖြစ် ဦးဆန်းထွန်း၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးအောင်စိုးတို့အား ရွေးချယ်ခဲ့ပါသည်။

သဘာပတီရှေ့မှောက်တွင် ရွေးချယ်တင်မြောက်ခြင်းခံရသော မြို့နယ်ပါတီ ကော်မတီဝင်များ အရံမြို့နယ်ကော်မတီဝင်များမှ ကတိသစ္စာပြုခဲ့ကြီး ဗဟို ကော်မတီဝင် ဦးအောင်ထွန်းမှ နိဂုံးချုပ်အမှာစကားပြောကြားကာ ကလော မြို့နယ် မျက်နာစုံညီအစည်းအဝေးကို ညနေ (၃) နာရီအချိန်တွင် ကြွေးကြော် သံများဖြင့် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply