ဟင်္သာတမြို့နယ် အလက(ခွဲ) ကုက္ကိုစု-လက်ပံစုကျောင်း ဒုတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပ ပါတီဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးနှင့်ဇနီးဒေါ်နီနီဝင်းတို့မှ မတည်ငွေလှူဒါန်း

 

ဟင်္သာတမြို့နယ် အလက (ခွဲ)ကုက္ကိုစု-လက်ပံစုကျောင်း၌ ယမန်နေ့နံနက် ၈ နာရီက ဒုတိယ အကြိမ်မြောက် အာစရိပူဇော်ပွဲကို ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်စန်းစန်းနုနှင့် ဆရာ ဆရာမများ တက်ရောက်အပူဇော်ခံ ကြောင်းသိရသည်။

အာစရိပူဇော်ပွဲကိုနှစ်စဉ်ကျင်းပ နိုင်ရေးအတွက် ဦးဌေးဦး-ဒေါ်နီနီ ဝင်း မိသားစုက ရန်ပုံငွေကျပ် ၁ဝသိန်း မတည်လှူဒါန်းထား ကြောင်း သိရှိရပြီး ယင်းမှရရှိသည့် တိုးညွန့်ငွေများဖြင့် ပညာသင်နှစ် တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ကျင်းပ နိုင်အောင် ဆောင်ရွက်ထားရှိ ကြောင်း အာစရိယပူဇော်ပွဲဖြစ် မြောက်ရေးကော်မတီများထံမှ သိရ သည်။

ဇော်ဇော်ကျော်ကျော်(ဟင်္သာတ)