ဗဟိုပါတီကော်မတီဝင် ပြည်နယ်ပါတီဥက္ကဋ္ဌ ညောင်ရွှေမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာ (၅) ရက် မွန်းလွဲ ၁နာရီ ၄၅ မိနစ်က ဗဟိုပါတီကော်မတီဝင် ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း၊ ဗဟိုပါတီလူငယ် ရေးရာတာဝန်ခံ ဒေါက်တာနန္ဒာလှမြင့် တို့ နှင့် ညောင်ရွှေမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီကော် မတီဝင်များ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ပါတီဥက္ကဋ္ဌက ပါတီဝင်အင်အား ကျစ်လျစ်ခိုင်မာရေးအတွက် ပါတီဝင်အင်အားစိစစ်ရေးကို ဦးစွာဆောင်ရွက်ရန်လိုကြောင်း၊ အဓိက ဦးစားပေးဆောင်ရွက်ရန်နှင့် မြို့နယ် ပါတီကော်မတီဝင်များအနေဖြင့် ဌာနအလိုက် ရေးရာကော်မတီအလိုက် တာဝန်ယူထားကြသူ ကော်မတီဝင်များ တာဝန်သိစိတ်၊ တာဝန်ယူလိုတဲ့စိတ်တို့ဖြင့် ဆောင်ရွက်သွားကြရန် မိမိတို့ပါတီ၏ အန္တိမရည်မှန်းချက်သည် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးပင်ဖြစ်ကြောင်းဆွေးနွေး မှာကြားခဲ့သည်။

nyaung-shwe

ဗဟိုပါတီလူငယ်ရေးရာတာဝန်ခံ ဒေါက်တာနန္ဒာလှမြင့်က ဆက်လက်ဆွေးနွေးရာ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် နယ်မြေအလိုက်၊ ရွာစဉ်အလိုက် ကော်မတီများကို အမာခံပါတီဝင်များဖြင့် ဖွဲ့စည်းရန်နှင့် ရပ်/ကျေးစည်းမှူးနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ပါတီဝင်များကိုပါတီ၏ မူဝါဒ သဘောတရားရေးရာများကို ဆွေးနွေးသင်ကြားပို့ချပေးရန် လည်းလိုအပ်ကြောင်း ဆွေးနွေးပြီးနောက် မြို့နယ်ပါတီဥက္ကဋ္ဌက မြို့နယ်၏ လက်ရှိအခြေအနေ ပါတီဝင်အင်အား တို့ကို ဆွေးနွေးတင်ပြခြင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များက မိမိတို့တာဝန်ယူထားသည့် ဌာနအလိုက်၊ ရေးရာ အလိုက် ဆွေးနွေးတင်ပြကြရာ ဗဟိုပါတီကော်မတီဝင် ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် ဗဟိုလူငယ်ရေးရာတာဝန်ခံတို့က ဖြည့်စွက်ဆွေးနွေးပြီး တွေ့ဆုံဆွေးနွေးပွဲကို ညနေ ၄နာရီခွဲတွင်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သန်းထူး(တောင်ကြီး)


Leave a Reply