စပျစ်သီးစေ့အဆီကရနိုင်တဲ့ အရေပြားအတွက် အကျိုးကျေးဇူး

စပျစ်သီးစေ့အဆီက အရေပြားကျန်းမာရေးအလှကုန်တွေနေရာမှာ အစားထိုးအသုံးပြုသင့်တဲ့ အရာတစ်ခု ဖြစ်ပါ တယ်။ စပျစ်သီးစေ့အဆီမှ ဖက်တီးအက်ဆစ်၊ ဘီတာမင်အီးနဲ့ အရေပြားပြဿနာတော်တော်များများကို ကုသရာ မှာ အထောက်အပံ့ဖြစ်စေတဲ့ ရောဂါပိုးမွှားတွေကိုသေစေနိုင်တဲ့ phenolic ဒြပ်ပေါင်းပါဝင်ပါတယ်။ သည်အဆီကို ရနံ့ကုထုံးတွေမှာ စိတ်ချရပြီး ထိထိရောက်ရောက် အသုံးပြုနိုင်တဲ့ carrier oil အဖြစ်ကနေ အမွှေးဆီအဖြစ်အထိ အသုံးပြုကြပါတယ်။ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့-

  • စပျစ်သီးအစေ့အဆီမှာ ဖက်တီးအက်ဆစ်နဲ့ ဗီတာမင်အီးကြွယ်ဝစွာ ပါဝင်ပါတယ်။
  • စပျစ်သီး အစေ့အဆီမှာအကျိုးပြု phenolic ဒြပ်ပေါင်းတွေပါဝင်ပါတယ်။
  • သုတေသနအရ စပျစ်သီးစေ့အဆီဟာ ရောင်ရမ်းမှုကိုသက်သာစေပြီး ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးတဲ့အပြင် နှလုံးရောဂါကို ကာကွယ်ပေးတဲ့ ဂုဏ်သတ္တိတွေနဲ့ ကင်ဆာကိုဆန့်ကျင်တဲ့ ဂုဏ်သတ္တိ တွေလည်းပါဝင်ပါတယ်။

စပျစ်သီးအစေ့အဆီဟာ ကျန်းမာရေးအတွက်သာမက အရေပြားအတွက်ပါ ကောင်းမွန်စေပါတယ်။ အရေပြား အတွက် စပျစ်သီးအစေ့အဆီရဲ့ အကျိုးပြုမှုတွေကတော့-

  • စပျစ်သီးအစေ့အဆီမှာပါတဲ့ ဖက်တီးအက်ဆစ်က အရေပြားကိုအစိုဓာတ်ထိန်းပေးပြီး အရေပြားကို အကာ အကွယ်ပေးထားသလို အစိုဓာတ်ဆုံးရှုံးမှုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ စပျစ်သီးစေ့ အဆီဟာ အရေပြားက ချွေးပေါက်လေးတွေကို မပိတ်ဆို့စေပါဘူး။
  • စပျစ်သီးအစေ့အဆီမှာပါဝင်တဲ့အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ Linoleic အက်ဆစ်က ရောင်ရမ်းမှုကို လျော့ပါးစေ ပြီး ဝက်ခြံတွေကို သက်သာအောင်လုပ်ဆောင်ပေးပါတယ်။
  • နေရောင်ခြည်က ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာထိတွေ့မှုက အရေပြားရဲ့ဆွဲဆန့်နိုင်အားကို လျော့ ကျစေနိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းစေနိုင်ပါတယ်။ ဗီတာမင်အီးကြွယ်ဝစွာပါဝင်တဲ့ စပျစ်သီးစေ့ အဆီက သည်လိုမျိုးအခြေအနေတွေကို ကာကွယ်ပေးနိုင်ပါတယ်။
  • နေရောင်ထဲကို အချိန်ကြာမြင့်စွာသွားလာနေပါက စပျစ်သီးစေ့အဆီကအပြားမှာ အမည်းကွက်တေ မထင် အောင် အထောက်အပံ့ပေးပါလိမ့်မယ်။
  • အမွှေးဆီတွေဟာ အမျိုးမျိုးသောအပင်တွေကနေ ထုတ်လုပ်တာဖြစ်ပြီး အသက်အရွယ်အမျိုးမျိုးအတွက် ရုပ်ပိုင်းဆိုင်ရာကုထုံးတွေမှာအသုံးပြုကြသလို စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေရရှိဖို့အတွက်လည်း အသုံး ပြုကြပါတယ်။ စပျစ်သီးအစေ့အဆီကို အရေပြားကလွယ်လွယ်ကူကူစုပ်ယူနိုင်ပြီး စေးကပ်မှုမရှိတဲ့အပြင် ချောမွေ့တဲ့ထိတွေ့မှုကြောင့် ရနံ့ကုထုံးတွေမှာ carrier oil အနေနဲ့အသုံးပြုကြတာဖြစ်ပါတယ်။ # Kumudra