အခမဲ့ကွန်​ပြူတာအ​ခြေခံသင်​တန်း(၁/၂၀၁၇) သင်တန်း ဖွင့်​လှစ်
ဓနုကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ ပင်းတယမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ ရေးနှင့်​ဖွင့်​ဖြိုး​ရေးပါတီမှ ကြီးမှူး၍ ယ​မန်နေ့နံနက်​(10)တွင်​ မြို့နယ်​ရုံး ခန်းမ၌ ကျင်းပရာ ရှမ်း​တောင်​ ပါတီပြည်​နယ်​ အရံ​ကော်​မတီဝင်​ ​တောင်​ကြီးခရိုင်​ ပါတီ​ကော်​မတီဝင်​ နယ်​​မြေတာဝန်​ခံနှင့်​ မြို့နယ်​အလုပ်​ အမှူ​ဆောင်​​ ကော်​မတီဝင်​များ၊ သင်​တန်းနည်းပြများမှ တက်​​ရောက်​အမှာစကား​ပြောကြားပြီး သင်​တန်းသို့ တက္ကသိုလ်​ဝင်​တန်း​အောင်​များ၊ ဘွဲရလူငယ်​များ စုစု​ပေါင်း ၆၁ ဦး တက်​​ရောက်​​ကြောင်းသိရှိရပါသည်​။
ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်ခိုင်ဇြိုးပါတီမှ ရခိုင်ပြည်နယ် မောင်းတော ခရိုင် နေရပ်ရှောင်ပြည်သူများအတွက် အလှူငွေများ လှူဒါန်း
3:9:2017 ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုင်းဆိုက်ကျောက်ဆမ်  နှင့်အတူ ပြည်နယ်ကော်မတီဝင် များဖြစ်သော ဒေါ်နန်းနော်၊ ဒေါ်နန်းကိန်ခမ်း၊ ဦးစိုင်းဟွမ်နွဲ့တို့သည် ကျိုင်းတုံမြို့ မြို့မဈေးတွင် ဖွင့်လှစ်ထားသည့် ရခိုင်ပြည်နယ်၊မောင်းတောခရိုင်၊နေရပ်ရှောင်ပြည်သူများအတွက် ပါတီကိုယ်စားသွားရောက်၍ အလှူငွေ (၁၀၀၀၀၀ိ/-) ကျပ် တစ်သိန်းသွားရောက်ပေးလှူခဲ့ကြသည်။
(HN)
ပင်းတယမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ လစဉ်​ပုံမှန်​အစည်းအ​ဝေးကျင်းပ
ဓနုကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ ပင်းတယမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လစဉ်​ပုံမှန်​အစည်းအ​ဝေးကို မြို့နယ်​ပါတီရုံးခန်းမ၌ ၂၈.၈၂၀၁၇ရက်နေ့ နံနက်​ ၁၀း၀၀နာရီအချိန်​တွင်​ ကျင်းပရာ ​ရှမ်းပြည်​နယ်​ အရန် ပါတီ​ကော်​မတီ၊ ​တောင်​ကြီးခရိုင်​ ပါတီ​ကော်​မတီ နယ်​​မြေတာဝန်​ခံမှ တက်​​ရောက်​ အမှာစကား​ပြောကြားခြင်း၊ မြို့နယ်​ပါတီ ဥက္ကဌမှ ​ရှေ့လုပ်​ငန်းစဉ်​များ​ ဆွေး​နွေးခြင်း၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​ ​ဒေသဦးစီးအဖွဲ့ဝင်​ ဦး​ကျော်​ငြိမ်း၊ ဦးထွန်း​မောင်​တို့မှ ​ဆွေး​နွေးခြင်း၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များမှ စည်းရုံး​ရေးရာကိစ္စများ တင်​ပြခြင်း၊ ရပ်​စည်းများမှ ပါတီဝင်​ ရရှိထားမှု၊ အမာခံများ လုပ်​ရှား​ဆောင်​ရွက်​စည်းရုံး​နေမှုများကို တင်​ပြ​ဆွေး​နွေးခဲ့ကြ​ကြောင်း သိရှိခဲ့ရပါသည်​။
တောင်​ကြီးခရိုင်​ ပြည်ခိုင်ဖြိုးပါတီ ပုံမှန်​အစည်း​အဝေးကျင်းပ
ရှမ်းပြည်​နယ်​​တောင်​ပိုင်း ​တောင်​ကြီးခရိုင်​ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပုံမှန်အစည်း​အဝေးကို ၂၅.၈.၂၀၁၇ ရက်နေ့ ၁၀း၀၀နာရီ အချိန်​တွင်​ ပြည်​နယ်​ခန်းမ၌ ကျင်းပရာ ပြည်​နယ်​ အတွင်း​ရေးမှူး၊ ပြည်​နယ်​စည်းရုံး​ရေးတာဝန်​ခံ၊​ တောင်​ကြီးခရိုင်​ဥက္ကဌနှင့်​ ခရိုင်​ပါတီ​ကော်​မတီ ဝင်​များ၊ ခရိုင်​တွင်းရှိ မြို့နယ်​ ၁၀ မြို့နယ်​မှ ဥက္ကဌနှင့်​ အတွင်း​ရေးမှူးများ၊ မြို့နယ်​စည်းရုံး​ရေး တာဝန်​ခံများ တက်​​ရောက်​ကြပြီး အစည်းအ​ဝေးကို ည​နေ ၃း၃၀နာရီအချိန်​တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
သတင်းမီဒီယာသင်တန်းဆင်းပွဲကျင်းပ
၂၃.၈.၂၀၁၇ရက်နေ့ ရှမ်းပြည်​နယ်​​တောင်​ပိုင်း ပြည်​​ထောင်​စုကြံ့ခိုင်​​ရေး နှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ကြီးမှူး၍ကျင်းပ​သော သတင်းမီဒီယာသင်​တန်းဆင်းပွဲ အခမ်းအနားကို ယ​မန်နေ့ည​နေ၂း၃၀နာရီအချိန်​တွင်​ ပြည်​နယ်​ခန်းမ၌ ကျင်းပရာ ပြည်​နယ်​ပါတီ​ကော်​မတီ ဦးစိန်​​လေး​မောင်​မှ သင်​တန်းဆင်း အမှာစကား​ပြောကြားပြီး သင်​တန်းဆင်းလက်​မှတ်​များကို ပြည်​နယ်​ပါတီ​ကော်​မတီဝင်​     ဦးမိုးစည်​သူမှ​ ပေးအပ်​ပြီး သင်​တန်းသားတစ်​ဦးမှ လက်​ခံရ ယူသည်​။
သင်​တန်းသို့ ရှမ်း​တောင်​၂၁ မြို့နယ်​မှ သင်​တန်းသား/သင်တန်းသူ ၄၂ ဦး တက်​​ရောက်​​ကြောင်း သိရှိရပါသည်​။
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်(ရှမ်း/အရှေ့) နယ်မြေတာဝန်ခံ ဦးစိုးနိုင် မိုင်းဖြတ် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (ရှမ်း/ရှေ့)နယ်မြေ တာဝန်ခံ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် မိုင်းဖြတ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးကော်မတီများ၊ မြို့မိမြို့ဖများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့သည်။
မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေး မှူးများ စည်းမှူးများနှင့် တွေ့ဆုံညှိနှိုင်း
မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဇော်လွင်သည် ခရိုင်ပါတီ ကော်မ တီဝင် ဦးတိုးမြင့်အောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ ဦးကံရွှေတို့ လိုက်ပါလျှက် ၂၁.၈.၂၀၁၇ ရက် နေ့က မလှိုင်ကုန်းကျေး ရွာ၊ ဘဟဲကျေးရွာ၊ ပွေးတူးကျေးရွာများသို့ သွားရောက်ပြီး ပါတီဝင် အင်အား ပြန်လည်စိစစ်ခြင်း၊ ရေးရာကော်မတီများပြန်လည်ဖွဲ့စည်းခြင်း၊ ခြင်ဆေး ဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ အုပ်ချုပ်ရေး မှူးများ၊ စည်းမှူးများနှင့် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း သိရသည်။
ဗဟိုအလုပ်အမှုဆောင် (ရှမ်း/အရှေ့)နယ်မြေတာဝန်ခံ ဦးစိုးနိုင် မိုင်းယောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဗဟိုအလုပ်အမှုဆောင် (ရှမ်း/ရှေ့)နယ်မြေတာဝန်ခံ ဦးစိုးနိုင်နှင့် ရှမ်းအရှေ့ မိုင်းယောင်း မြို့နယ် ရပ်မိရပ်ဖများနှင့် မိုင်းယောင်းပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ယနေ့တွေ့ဆုံခဲ့သည်။အဆိုပါတွေ့ဆုံပွဲတွင် ရှမ်း/ရှေ့ မိုင်းယောင်း မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအောင်ခမ်းမှပါတီဗဟို အလုပ်အမှုဆောင် ဦးစိုးနိုင်အား ရပ်မိရပ်ဖများနှင့် မိတ်ဆက် ပေးခဲ့ပြီးနောက် မြို့နယ်ပါတီကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာဖတ်ကြား တင်ပြ ခဲ့သည်။
ထို့နောက်ပါတီဗဟိုကော်မတီဝင် ဦးစိုးနိုင်ကဆွေးနွေးတင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ ပါတီဝင်အင်အားများကိုအခြေခံပြီး အခြေခံအဖွဲ့များအဆင့်ဆင့်ဖွဲ့စည်းရာတွင် လူမှန်နေရာမှန်ရွေးချယ်ပေးရေး၊ပါတီဝင်အင်အား ကျစ်လျစ်ခိုင်မာစေရေး၊ ပါတီတွင်းစည်းလုံးညီညွတ်ရေး၊ပါတီတွင်းဒီမိုကရေစီ ရှင်သန် ထက်မြက်ရေးအတွက် စုပေါင်းတာဝန်ယူကြရေး၊ ပါတီတာဝန်ရှိသူ အဆင့်ဆင့်မှ မိမိပါတီဝင် တစ်ဦးချင်းစီအထိ ကွင်းဆင်းထိတွေ့ ဆောင်ရွက်ကြရန်၊ ပါတီဝင်များစွမ်းရည်ရှိအောင် အမြဲတမ်းသင်ယူ ကြိုးစားဆောင်ရွက်ကြရန်၊ ပြည်ခိုင်ဖြိုးပါတီသည် ပြည်သူ့ ပါတီအဖြစ် ပါတီကို သက်ဝင်ယုံကြည်ပြီး အမျိုးသားရေစိတ်ဓာတ်၊ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးသောစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပါတီဝင်အားလုံးက လက်တွေ့ပါသော စည်းရုံးရေးများဖြင့် အားသွန်ခွန်စိုက် ထိထိ ရောက်ရောက် ရဲဝံ့စွာ ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ တွေ့ဆုံပွဲသို့ ရပ်မိရပ်ဖနှင့် ရပ်/ ကျေး ပါတီဝင် အင်အား ၁ဝဝ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
Union daily
ဗဟိုအလုပ်အမှုဆောင်(ရှမ်း/အရှေ့)နယ်မြေတာဝန်ခံဦးစိုးနိုင်နှင့် ကျိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များတွေ့ဆုံ ==========================
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံသို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်(ရှမ်း/ အရှေ့) နယ်မြေတာဝန်ခံဦးစိုးနိုင်နှင့် ရှမ်းအရှေ့ ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊မိုင်းယန်းမြို့နယ်၊ မိုင်းခတ် မြို့နယ်တို့မှ ကော်မတီဝင်များ၊ကျိုင်းတုံမြို့နယ် ရပ်မိရပ်ဖများနှင့် ကျိုင်းတုံပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ယနေ့တွေဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် (ရှမ်း/ အရှေ့) မြို့နယ်ပါတီဥက္ကဋ္ဌများမှ ရေးရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြခြင်း၊ ခရိုင်ပါတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေး ရှင်းလင်းတင်ပြခြင်း၊ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းကျော်လှက အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
က​လောမြို့နယ်​ လစ်​လပ်​​ကော်​မတီ​ရွေးချယ်​ပွဲ ကျင်းပ