” အ”သုံးလုံး ကျောင်းသားကျောင်းသူများကို ချောက်ပြည်ခိုင်ဖြိုးမှ အဟာရ ဒါနပြု

ချောက်မြို့နယ် အမှတ်(၅) နယ်မြေ ရန်ကင်းဓမ္မာရုံ တွင် ” အ ” သုံးလုံး ကျောင်းသားကျောင်းသူများအား ချောက်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မှ မြို့နယ်ကော်မတီဝင် ဒေါ်စန်းစန်းဌေး နှင့် အမျိုးသ္မီးရေးရာ အဖွဲ့များမှ စာသင်ကြားပေးလျက် ရှိရာသို့ ယမန်နေ့ ညနေ ၄း၃၀ နာရီ အချိန်တွင် ချောက်မြို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး ၏လမ်းညွှန်မှု၊ မကွေးခရိုင်ကော်မတီဝင် ဒေါ်မီမီစိုး၊ အတွင်းရေးမှူး ဦးသန်းလှိုင် နှင့်ကော်မတီဝင်များက ကျောက်ကျောအဟာရ ဒါန ပြုခဲ့ပါသည်။

ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ video conferencing ဖြင့် မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ၂၅ မြို့နယ်နှင့် လပတ်အစည်းအဝေးပြုလုပ်

 

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ တိုင်း/ခရိုင်/မြို့နယ် လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ (၁၅) ရက် နံနက် (၁၀) နာရီတွင် တိုင်းအထူးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းပါတီဥက္ကဌ ဒေါက်တာ မောင်မောင်ဌေး၊ တိုင်းပါတီ အတွင်းရေးမှူး
ဦးဆန်းညွန့်အောင်နှင့် တိုင်းကော်မတီဝင်များ/အရံကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ပါတီဥက္ကဌများ တက်ရောက် ခဲ့ကြပြီး ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးမှ video conferencing မှ အမှာစကားပြောကြားခြင်း၊ တိုင်းပါတီဥက္ကဌ၊ တိုင်းပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ၅ ခရိုင်မှ ပါတီဥက္ကဌများ၊ မကွေးခရိုင်အတွင်းရှိ မြို့နယ် ၆ မြို့နယ်မှ ဥက္ကဌများနှင့်အတူ ဘူးလက်ဂျာနယ်မှ ဦးလှဆွေတို့မှ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အစည်း အဝေးကို ခေတ္တရပ်နားခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ ပါတီဝင်စိစစ်ရေးနှင့် လုပ်ငန်းစိစစ်ရေး ကိစ္စများ ဆွေးနွေးပြောကြား

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်၊ အရန်ပါတီကော်မတီဝင်နှင့် ရပ်ကျေးစည်းရုံးရေးမှုးများအား တိုင်းပါတီကော်မတီဝင် ဦးစောဝင်းမောင်၊ ခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်၊ ခရိုင်ကော်မတီဝင် ဦးအောင်နိုင်တို့မှ 14.3.2017 နံနက် ၁၀ နာရီတွင် သွားရောက်တွေ့ဆုံ၍ ပါတီဝင်စိစစ်ရေးနှင့် လုပ်ငန်းစိစစ်ရေးကိစ္စများ ဆွေးနွေးပြောကြားခဲ့ပါသည်။

Aung Naing


မင်းဘူး / စကုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေး ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်

 

မင်းဘူး /စကုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းဝေးကို မင်းဘူး / စကုမြို.နယ် ပါတီရုံးခန်းမတွင်ကျင်းပပြုလုပ်ရာ ဗဟိုပါတီကော်မတီဝင် တိုင်းလူငယ်ရေးရာတာဝန်ခံ ကျော်သူဦး၊ တိုင်းအရံပါတီကော်မတီ ဦးအေးသူ၊ မြို.နယ်ပါတီဥက္ကဌ ဦးကျော်ဝင်းမြင့်နှင့် ပါတီကော်မတီဝင်များ ရပ်ကွက် ကျေးရွာပါတီခေါင်းဆောင်များ တတ်ရောက်ပြီး လူငယ်ကေဒါတိုးပွားလာရေး ကို ခရိုင်လူငယ်အတွင်းရေးမှူး ဦးဝင်းနိုင်၊ မြို.နယ်လူငယ်တာဝန်ခံ ဦးလမင်း အောင်နှင့်အဖွဲ့အား လုပ်ဆောင်ရမည့်တာဝန်များအား ထမ်းဆောင်နိုင်ရန် ကျေးရွာအရောက် ကူညီပံ့ပိုးနိုင်ရေး ပူပေါင်းပါဝင်ရေး ဆွေးနွေးပြီး မြို့နယ် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန္ဒာဝင်းထွန်းနှင့်အဖွဲ့ဝင် ဒေါ်ကေသွယ်မိုးတို့ မှ ကျေးရွာအမျိုးသမီးရေးရာအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

မင်းဘူး / စကုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေး ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး/စကုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းဝေးကို ယနေ့ (မတ်လ ၁၀ ရက်) နံနက်ပိုင်းက မင်းဘူး/စကုမြို.နယ် ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟိုပါတီကော်မတီဝင် တိုင်းလူငယ်ရေးရာ တာဝန်ခံ ဦးကျော်သူဦး၊ တိုင်းအရံပါတီကော်မတီ ဦးအေးသူ၊ မြို့နယ်ပါတီဥက္ကဌ ဦးကျော်ဝင်းမြင့်နှင့် ပါတီကော်မတီ ဝင်များ ရပ်ကွက် ကျေးရွာပါတီခေါင်းဆောင်များ တတ်ရောက်ပြီး လူငယ်ကေဒါတိုးပွားလာရေးကို ခရိုင် လူငယ် အတွင်းရေးမှူး ဦးဝင်းနိုင်၊ မြို.နယ်လူငယ်တာဝန်ခံ ဦးလမင်းအောင်နှင့်အဖွဲ့အား လုပ်ဆောင်ရမည့်တာဝန်များအား ထမ်းဆောင်နိုင်ရန် ကျေးရွာအရောက် ကူညီပံ့ပိုးနိုင်ရေး ပူပေါင်းပါဝင်ရေး ဆွေးနွေးပြီး မြို့နယ် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စန္ဒာဝင်းထွန်းနှင့် အဖွဲ့ဝင် ဒေါ်ကေသွယ်မိုးတို့မှ ကျေးရွာအမျိုးသမီးရေးရာအဖွဲ့များ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် ဒေသခံပါတီဝင်များနှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ် ရေနံကြီး အခြေစိုက်စခန်းကြီးကျေးရွာမှ ဒေသခံပါတီဝင်များနှင့် တွေ့ဆုံကာ ယနေ့နိုင်ငံရေးအခြေအနေများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးင့် ဖွှံဖြိုးရေးပါတီ၏ ရပ်တည်ချက် သဘောထားများကို ရှင်းလင်း ပြောကြားပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲရန် ငွေ ကျပ် တစ်သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ခရိုင်မြို့နယ် ရပ်/ကျေးပါတီဝင်များနှင့်တွေ့ဆုံ

 

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင် ဌေးနှင့် အတွင်းရေးမှူး ဦးဆန်းညွန့် အောင်၊ ခရိုင်ဥက္ကဋ္ဌ ဦးထွန်းရှိန်နှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ နတ်မောက် ပြည်ခိုင်ဖြိုးပါတီ တာဝန်ခံ ဦးမောင်ချိန်၊ နတ်မောက်မြိ့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် နတ်မောက်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုး၊ အတွင်းရေးမှူး ဒေါ်အေးမာဖြူ၊ ဘဏ္ဍာရေးမှူး ဦးသန်း၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူး၊ အမှုဆောင်များ စုစုပေါင်း ၁၂ဝ ခန့်သည် ဖေဖော် ဝါရီ ၂၆ ရက်က တွေ့ဆုံဆွေးနွေးကြသည်။

မကွေးခရိုင်ပြည်ခိုင်ဖြိုး ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲကျင်းပ

မကွေးခရိုင် ပြည်ခိုင်ဖြိုးပါတီ၏ ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ (၂၂) ရက် နံနက် (၁၁) နာရီ (၃၀) မိနစ်အချိန်တွင် တိုင်း အထူးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးပါတီဥက္ကဌ (ဗဟိုအလုပ်အမှုဆောင်) ဒေါက်တာမောင်မောင်ဌေး၊ တိုင်း အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်း ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ ခရိုင်တာဝန်ခံ ဦးစောဝင်းမောင်၊ ခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်နှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်း မြို့နယ် (၆) မြို့နယ်တို့မှ မြို့နယ်ပါတီ ဥက္ကဌများ တက်ရောက်ခဲ့ကြသည်။

 

(more…)


မကွေးခရိုင်ပြည်ခိုင်ဖြိုး ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲကျင်းပ

မကွေးခရိုင် ပြည်ခိုင်ဖြိုးပါတီ၏ ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ (၂၂) ရက် နံနက် (၁၁) နာရီ (၃၀) မိနစ်အချိန်တွင် တိုင်း အထူးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး
ပါတီဥက္ကဌ (ဗဟိုအလုပ်အမှုဆောင်) ဒေါက်တာမောင်မောင်ဌေး၊ တိုင်း အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်း ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ ခရိုင်တာဝန်ခံ ဦးစောဝင်းမောင်၊ ခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်နှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်း မြို့နယ် (၆) မြို့နယ်တို့မှ မြို့နယ်ပါတီ ဥက္ကဌများ တက်ရောက်ခဲ့ကြသည်။

(more…)


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်မကွေးတိုင်းဒေသကြီးပါတီဝင်များတွေ့ဆုံပွဲ အမှာစကားမှ ကောက်နုတ်ချက်များ

  • ပြည်သူ့အပေါ် ဥပဒေမဲ့လုပ်ရပ်များအတွက် ပြည်သူ့ရှေ့ကပြတ်သားစွာ ရပ်တည်၊ ဥပဒေကြောင်းအရ မဆုတ်မနစ်သောဇွဲလုံ့လဖြင့်ရင်ဆိုင်။
  • အုပ်ချုပ်ရေးကိစ္စတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဝင်ရောက်စွက်ဖက်မှုများ တိတိကျကျ ဖော်ထုတ်တင်ပြ။
  • ပြည်သူ့အကျိုးစီးပွားကို ထိခိုက်နစ်နာစေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များ၊ အမှား အယွင်းများကို တိကျခိုင်မာစွာဖော်ထုတ်တင်ပြ။
  • နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ရပ်ကို မိမိပါတီမှ နမူနာပြဖော်ဆောင်။
  • ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ အောက်လုံးထိုးကွက်များဖြင့် ဒီမိုကရေစီ လမ်းကြောင်းပျက်၍ တိုင်းပြည် နစ်နာခဲ့သည်ကို သင်ခန်းစာယူသင့်။