ချန်ပီယံလိဂ်ရှုံးထွက်တွင် မန်ယူ-ပီအက်စ်ဂျီ၊ လီဗာပူး−ဘိုင်ယန် ဂျူဗီ−တီကို ထိပ်တိုက်တွေ့ဆုံ

ချန်ပီယံလိဂ်နောက်ဆုံး (၁၆) သင်းအဆင့်ပွဲစဉ်များကို နိုင်ယွန်မြို့၌ မဲနှိုက်ရွေးချယ်ရာ တွင် အက်သလက်တီကို၊ မန်ယူ နှင့်လီဗာပူးတို့သည် ခက်ခဲသော ပြိုင်ဘက်များဖြစ်သည့် ဂျူဗင်တပ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်တို့နှင့် တွေ့ဆုံနေသည်။

အင်္ဂလန်အသင်းများအနက် အုပ်စုဗိုလ်နေရာမှ တက်လာသော မန်စီးတီးသည် ဂျာမန်ကလပ် ရှော်လ်ကေးနှင့် ရင်ဆိုင်ရ သဖြင့် ကံအကောင်းဆုံးဖြစ် သည်။ စပါးက ဒေါ့မွန်နှင့် တွေ့မည်ဖြစ်၍ နှစ်သင်းစလုံး နောက် တစ်ဆင့် တက်ရေး ခက်ခဲနိုင် သည်။

ယူရိုပါလိဂ်တွင် မာလ်မို-ချယ်လ်ဆီး လာဇီယို- ဆီဗီလာ ဘိတ်- အာဆင်နယ်တို့ တွေ့ဆုံ

ဒီဇင်ဘာ ၁၇ ရက်က ဆွစ်ဇာလန်နိုင်ငံ နိုင်ယွန်မြို့တွင် ယူရိုပါလိဂ်(၃၂)သင်းအဆင့်ပွဲစဉ်များကို မဲနှိုက် ရွေးချယ်ရာ၌ ချယ်လ်ဆီးက ဆွီဒင်ကလပ် မာလ်မို၊ အာဆင်နယ်က ဘီလာ ရုစ်ကလပ်ဘိတ်၊ အီတလီမှ လာဇီယိုနှင့် စပိန်ကလပ် ဆီဗီလာ တို့ ရင်ဆိုင်တွေ့မည်ဖြစ်သည်။

အင်တာမီလန်သည် သြစတြေးလျကလပ် ရာပစ်ဝီအန်နှင့် တွေ့ရမည်ဖြစ်ပြီး နောက်ထပ် ပွဲကောင်းများအဖြစ် ကရန့်စ်နိုဗာ နှင့် လေဗာကူဆင်၊ ဇူးရစ်နှင့် နာပိုလီ၊ ဆဲလ်တစ်နှင့် ဗလင်စီ ယာတို့ ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးအောင်သူ ထိုင်းကလပ် မြောင်တောင်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့

ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် ထိုင်းထိပ်သီးကလပ် မြောင်တောင် ယူနိုက်တက်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် မိတ်ဆက်ပွဲ
အခမ်းအနားပြုလုပ်သည်။

အောင်သူကို ခေါ်ယူရန် ဂျပန်ကလပ်နှင့် ထိုင်းကလပ်အသင်းများက အပြိုင်ကမ်းလှမ်းခဲ့သောကြောင့် ကာယကံရှင်က မြောင်တောင်အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုးဆုံးမှတ်တမ်းနဲ့ မန်ယူ၊ သတင်းထောက်အမေးကြောင့် ဒေါသထွက်ခဲ့တဲ့ မော်ရင်ဟို

မန်ယူဟာ လီဗာပူးကို အဝေးကွင်းမှာ ၃-၁ နဲ့ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးဆုံးမှတ်တမ်းကို ရရှိခဲ့တယ်လို့သိရပါတယ်။ မန်ယူဟာ ၁၇ ပွဲကစားပြီးချိန်မှာ ၂၆ မှတ်သာ ရရှိသေးတဲ့အတွက် အဆိုးဆုံးသော ရာသီဖြစ်ခဲ့တာပါ။ မန်ယူဟာ ပရီးမီးယားလိဂ် မစတင်မီတစ်နှစ်အလိုဖြစ်တဲ့ ၁၉၉၀-၉၁ ဘောလုံးရာသီမှာ အဆိုးဆုံး မှတ်တမ်းရရှိခဲ့တာတောင် ၁၇ ပွဲ ပြီးချိန်မှာ ၂၄ မှတ်သာဖြစ်ခဲ့ပါတယ်။

BBC သတင်းဌာနက ချီးမြှင့်သည့် အာဖရိကအကောင်းဆုံးဆု ဆာလာ နှစ်နှစ်ဆက်တိုက်ဆွတ်ခူး

လီဗာပူးလ်အသင်း၏ အီဂျစ်လက်ရွေးစင်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာသည် ဗြိတိန်အခြေစိုက် BBC သတင်းဌာနက ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်အတွက် အာဖရိက အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ဆာလာသည် ယခုနှစ် အကောင်းဆုံးဆုံအတွက် လီဗာပူးလ်အသင်းဖော် မာနေ(ဆီနီဂေါ)၊ ဘီနာတီယာ (ဂျူဗင်တပ်စ်/မော်ရိုကို)၊ ကူလီဘာလီ(နာပိုလီ/ဆီနီဂေါ)၊ သောမတ်စ်ပါတေ (အက်သလက်တီကို/ဂါနာ) တို့နှင့် ယှဉ်ပြိုင်ခဲ့ရပြီး မဲအများဆုံးရရှိသဖြင့် အကောင်းဆုံးဆု ချီးမြှင့်ခံရခြင်းဖြစ်သည်။

မက်ဒီဆင် စကွဲ ဂါးဒင်းတွင် ထိုးသတ်ခဲ့သောပွဲ၌ ကာနယ်လိုအယ်လ်ဗာရက်စ်က ဗြိတိန်နိုင်ငံသား ရော့ကီဖီးလ်

ဒင်းအတွက် အလွန်အားကောင်းနေပြီး အယ်လ်ဗာရက်စ်က သုံးချီအတွင်း ဖီးလ်ဒင်းကို နည်းစနစ်ပိုင်း အလဲထိုး သတ်မှတ်ချက်ဖြင့် အနိုင်ရရှိကာ WBA စူပါမစ်ဒယ် ဝိတ်ခါးပတ် ရရှိခဲ့သည်။

မက္ကဆီကိုနိုင်ငံသားအယ်လ် ဗာရက်စ်က ပွဲအစတွင်စိတ်ကြိုက် ထိုးသတ်ခဲ့ပြီး ဖီးလ်ဒင်း၏ခန္ဓာ ကိုယ်သို့ ထိရောက်သော လက်သီး အများအပြား ပစ်သွင်းနိုင်ခဲ့သည်။ ယင်းထိုးချက်များနှင့်အတူ ဖီးလ်ဒင်းသည် လေးကြိမ်တိုင် ကြမ်း ပြင်ပေါ် လဲကျခဲ့သည်။

အင်္ဂလန်လေးသင်းစလုံး ချန်ပီယံလိဂ်နောက်ဆုံး (၁၆) သင်းအဆင့် တက်ရောက်၊ ဒီဇင်ဘာ ၁၇ ရက်ပွဲစဉ်များ ရွေးချယ်မည်

လီဗာပူး၊ စပါး၊ မန်စီးတီးနှင့် မန်ယူတို့ ချန်ပီယံလိဂ် နောက်ဆုံး (၁၆) သင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး စပိန်မှ သုံးသင်း၊ ဂျာမန်အသင်းသုံးသင်း၊ ပြင်သစ်မှနှစ်သင်း၊ အီတလီမှနှစ်သင်း၊ နယ်သာလန်မှ အေဂျက်ဇ် နှင့် ပေါ်တူဂီမှ ပေါ်တိုတို့ ပါဝင်သည့် (၁၆) သင်းအဆင့်ပွဲစဉ်များကို ဒီဇင်ဘာ ၁၇ ရက်တွင် မဲနှိုက် ဆုံးဖြတ်မည်ဖြစ်သည်။

မန်ယူပွဲတွေကြည့်ရှု့ခွင့် ပိတ်ပင်ခံခဲ့ရတဲ့ အသင်းနည်းပြဟောင်း ဖာဂူဆန်

မန်​ယူအသင်းရဲ့ ဂန္ထ၀င်​နည်းပြကြီးဖာဂူဆန်ဟာ ပြီးခဲ့တဲ့ စ​နေ​နေ့ကယှဉ်​ပြိုင်​ကစားခဲ့ကြတဲ့ မန်​ယူအသင်းနဲ့ဖူလ်​ဟမ်​အသင်း တို့ရဲ့ပွဲစဉ်​ကို ဆရာဝန်​​တွေက ဘောလုံးပွဲကြည့်ရန်လုံလောက်သော ကျန်းမာရေးမရှိအကြောင်းပြချက်နဲ့ ကြည့်​ရှု့ခွင့်​ပိတ်​ပင်ထားခဲ့တာမို့​ လာ​ရောက်​ကြည့်​ရှု့နိုင်​ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ ဖာဂူဆန်​ဟာ ၂၀၁၈၊​ ​မေလတုန်းကဦး​နှောက်​​သွေးယိုစီးမှုဖြစ်​ကာ အ​ရေး​ပေါ် ခွဲစိတ်​ ကုသမှုကိုခံယူထားခဲ့ရပြီး ​မကြာ​သေးခင်​ကမှ ကျန်းမာ​ရေးပြန်​လည်​​ကောင်းမွန်​လာလို့ ဆေးရုံ က​နေပြန်​ဆင်းခွင့်​ရထားတာဖြစ်​ပါတယ်​။

ဒီတစ်ပတ်ကစားမယ့် ပြင်သစ်လီဂူးပွဲ(၅)ပွဲ ထပ်မံရွှေ့ဆိုင်းခဲ့ရ

လုံခြုံရေးပြဿနာတွေကြောင့် ဒီတစ်ပတ်မှာကစားမယ့် ပြင်သစ်လီဂူး ပွဲ(၅)ပွဲထပ်မံ ရွှေ့ဆိုင်းခဲ့ရသလို ပွဲ(၃)ပွဲကိုလည်း အချိန်ပြောင်းခဲ့ရပါတယ်။

ပြင်သစ်နိုင်ငံမှာ အစိုးရကို အကြမ်းဖက်ဆန့်ကျင်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တာ (၄)ပတ်ရှိလာပြီဖြစ်ပြီး ဆန္ဒပြမှုတွေ ပိုမိုအားကောင်းလာဖို့ ရှိနေလို့ နှစ်ပတ်ဆက်တိုက် ပွဲတွေ ရွှေ့ဆိုင်းခဲ့ရတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့အင်္ဂါနေ့က စထရာဘော့မြို့မှာရှိတဲ့ ခရစ္စမတ်ဈေးမှာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသူတွေအတွက် ဒီတစ်ပတ်ကစားဖြစ်တဲ့ ပြင်သစ်လီဂူးပွဲစဉ်မတိုင်မီ တစ်မိနစ်ငြိမ်သက် သွားမှာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြချုပ် အန်တွမ်နီဟေးကို ရာထူးက ထုတ်ပယ်

ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အုပ်စုအဆင့်က ထွက်ခဲ့ရတဲ့အပေါ် ဘောလုံး အဖွဲ့ချုပ် နည်းစနစ်ကော်မတီက သုံးသပ်ပြီး အသင်းနည်းပြချုပ် အန်တွမ်နီဟေးကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

ဒီဇင်ဘာ ၁၃ ရက်မှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နဲ့ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးတို့ နှစ်ဖက်သဘောတူ စာချုပ် ဖျက်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ အဖွဲ့ချုပ်က သတင်း ထုတ်ပြန်ပါတယ်။