ယူရိုပါလိဂ်တွင် မာလ်မို-ချယ်လ်ဆီး လာဇီယို- ဆီဗီလာ ဘိတ်- အာဆင်နယ်တို့ တွေ့ဆုံ

ဒီဇင်ဘာ ၁၇ ရက်က ဆွစ်ဇာလန်နိုင်ငံ နိုင်ယွန်မြို့တွင် ယူရိုပါလိဂ်(၃၂)သင်းအဆင့်ပွဲစဉ်များကို မဲနှိုက် ရွေးချယ်ရာ၌ ချယ်လ်ဆီးက ဆွီဒင်ကလပ် မာလ်မို၊ အာဆင်နယ်က ဘီလာ ရုစ်ကလပ်ဘိတ်၊ အီတလီမှ လာဇီယိုနှင့် စပိန်ကလပ် ဆီဗီလာ တို့ ရင်ဆိုင်တွေ့မည်ဖြစ်သည်။

အင်တာမီလန်သည် သြစတြေးလျကလပ် ရာပစ်ဝီအန်နှင့် တွေ့ရမည်ဖြစ်ပြီး နောက်ထပ် ပွဲကောင်းများအဖြစ် ကရန့်စ်နိုဗာ နှင့် လေဗာကူဆင်၊ ဇူးရစ်နှင့် နာပိုလီ၊ ဆဲလ်တစ်နှင့် ဗလင်စီ ယာတို့ ကစားရမည်ဖြစ်သည်။

ယူရိုပါလိဂ်နောက်ဆုံး ၃၂ သင်းအဆင့်ပွဲစဉ်များကို ဖေဖော် ဝါရီ ၁၂ ရက်နှင့် ၁၄ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဒုတိယအ ကျော့ပွဲများကို ၂၀ ရက်နှင့် ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။

ယခုအဆင့်တွင် အသင်းကြီးဟု ဆိုနိုင်သော နာပိုလီက ဇူးရစ်နှင့် ရင်ဆိုင်တွေ့မည်ဖြစ်ကာ ရှက်တာဒိုးနက်စ်က ဖရန့် ဖတ်နှင့် ရင်ဆိုင်မည်ဖြစ်သည်။

—Ref:Skysport