ဒီတစ်ပတ်ကစားမယ့် ပြင်သစ်လီဂူးပွဲ(၅)ပွဲ ထပ်မံရွှေ့ဆိုင်းခဲ့ရ

လုံခြုံရေးပြဿနာတွေကြောင့် ဒီတစ်ပတ်မှာကစားမယ့် ပြင်သစ်လီဂူး ပွဲ(၅)ပွဲထပ်မံ ရွှေ့ဆိုင်းခဲ့ရသလို ပွဲ(၃)ပွဲကိုလည်း အချိန်ပြောင်းခဲ့ရပါတယ်။

ပြင်သစ်နိုင်ငံမှာ အစိုးရကို အကြမ်းဖက်ဆန့်ကျင်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တာ (၄)ပတ်ရှိလာပြီဖြစ်ပြီး ဆန္ဒပြမှုတွေ ပိုမိုအားကောင်းလာဖို့ ရှိနေလို့ နှစ်ပတ်ဆက်တိုက် ပွဲတွေ ရွှေ့ဆိုင်းခဲ့ရတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့အင်္ဂါနေ့က စထရာဘော့မြို့မှာရှိတဲ့ ခရစ္စမတ်ဈေးမှာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသူတွေအတွက် ဒီတစ်ပတ်ကစားဖြစ်တဲ့ ပြင်သစ်လီဂူးပွဲစဉ်မတိုင်မီ တစ်မိနစ်ငြိမ်သက် သွားမှာဖြစ်ပါတယ်။

စနေ့နေမှာ ကစားမယ့် ရိမ်းစ်နဲ့ပွဲစဉ်မှာ စထရာဘော့အသင်းဟာ စပွန်ဆာလိုဂိုမပါတဲ့ ဂျာစီဝတ်ဆင်သွားမှာပဲ ဖြစ်ပါတယ်။

ယခုတစ်ပတ်ရွှေ့ဆိုင်းခဲ့ရတဲ့ပွဲများ
————————————-
Saturday: Amiens v Angers, Nantes v Montpellier, Dijon v PSG

Sunday: Guingamp v Rennes, Marseille v Bordeaux

ကစားဖြစ်မယ့်ပွဲများ
—————————-
Saturday: Reims v Strasbourg

Sunday: Nimes v Lille , Nice v Saint-Etienne (သောကြာနေ့ကနေရွှေ့), Lyon v Monaco

Tuesday: Caen v Toulouse (စနေနေ့ကနေ ရွှေ့)

-Ref: Skysports