မြန်မာနိုင်ငံတွင် လက်ရှိဖွင့်လှစ်ထားသော နိုင်ငံတကာတက္ကသိုလ်/ကျောင်းများ၊ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်း ကျောင်းများသည် ရေးဆွဲလျက်ရှိသည့်ပုဂ္ဂလိက ပညာရေးဥပဒေတွင် အကျုံးဝင်မည်ဖြစ်ပြီး အဆိုပါဥပဒေပြဋ္ဌာန်း ပြီးပါက ယင်းကျောင်းများအနေဖြင့် သက်ဆိုင်ရာဦးစီးဌာနတွင် ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။ (more…)
ဆရာဝန်၊ အင်ဂျင်နီယာနှင့် အနုပညာရှင်များ ဝင်ငွေခွန် အပြည့်အဝ ပေးသွင်းရေး စည်းကြပ်ကောက်ခံသွား တော့မည်
ဆရာဝန်၊ အင်ဂျင်နီယာနှင့်အနုပညာရှင်များ၏ ဝန်ဆောင်ခအဖြစ်ရရှိသည့် ဝင်ငွေများအပေါ် အခွန်ငွေနှုန်းထားများကို အပြည့်အဝပေးသွင်းရန် လာမည့် ၂ဝ၁၇၊ ၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အပြီးသတ် စည်းကြပ်ကောက်ခံသွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။ (more…)
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်းဆိုင်ရာအခြေခံမူ ရှစ်ချက် မိုင်ဂျာယန်အစည်းအဝေးချမှတ်
အစိုးရနှင့်ဆွေးနွေးရာတွင် စွဲကိုင်ရန် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံမူရှစ်ချက်ကို မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင် စုံညီအစည်းအဝေး ဒုတိယနေ့၌ အစုအဖွဲ့အားလုံးက လက်ခံခဲ့ပြီး အသေးစိတ် အချက် အလက်များ ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရပါက မည်သည့်တိုင်းရင်းသားမျှ ခွဲထွက်မည်မဟုတ်ဟု နိုင်ဟံသာ ပြောကြား
ရသင့်ရထိုက်သည့် အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိမည်ဆိုပါက မည်သည့် တိုင်းရင်းသားကမျှ ပြည်ထောင်စုမှ ခွဲထွက်မည် မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်များ မျက်နှာစုံညီအစည်းအဝေး ဒုတိယနေ့အပြီး၌ ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ကျင်းပချိန်တွင် တက်ကြွစွာပါ ဝင်ဆွေးနွေးရန်နှင့် ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်သူလူထုက မျှော်လင့်ကြောင်း PACE အဖွဲ့ ထုတ်ပြန်
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ကျင်းပချိန်တွင် တက်ကြွစွာ ပါဝင်ဆွေးနွေးရန်နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန်ကြိုးပမ်းမှုသည် အရေးကြီးသည် ဟု ပြည်သူလူထုက မျှော်လင့်ကြောင်း PACE အဖွဲ့က ထုတ်ပြန်သည့် ရွေးကောက်ပွဲအလွန်ကာလ စစ်တမ်းတွင် ဖော်ပြထားသည်။ (more…)
လူမျိုးပေါင်းစုံနေထိုင်သော တိုင်းဒေသကြီးအချို့ကို အမျိုးသားများပြည်နယ်ဟု သတ်မှတ်ခေါ်ဝေါ်ရန် ဆွေးနွေး
လူမျိုးပေါင်းစုံနေထိုင်သည့် တိုင်းဒေသကြီးအချို့ကို အမျိုးသားများပြည်နယ်အဖြစ် သတ်မှတ်ခေါ်ဝေါ်သုံးစွဲရန် မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မျက်နှာစုံညီအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။ (more…)
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် အောက်တိုဘာမှစတင်ကာ လစာခံစားခွင့်ရမည်
ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောက်တိုဘာ (၁) ရက်မှစတင်ကာ လစာ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ သိရသည်။ (more…)
ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်အစိုးရ လက်ထက်က အသိအမှတ်ပြုထားရှိသည့် လယ်မြေပြဿနာများ ဖြေရှင်းရေးအဖွဲ့များ၊ တရားဥပဒေစိုးမိုးရေး စောင့်ကြည့်မှုအဖွဲ့များအား အစိုးရသစ် လက်ထက်တွင် ဆက်လက် မထားရှိတော့ဟု သိရ
ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်ဝန်ကြီးချုပ် ဦးဆောင်သည့် တိုင်းဒေသကြီးအစိုးရမှ အသိအမှတ်ပြုထားရှိကာ လုပ်ပိုင်ခွင့်အချို့ ပေးထားခဲ့သော အစိုးရအဖွဲ့ မဟုတ်သော လယ်ယာမြေပြသနာများ ဖြေရှင်းရေးအဖွဲ့များ၊ တရားဥပဒေ စိုးမိုးရေး လေ့လာစောင့်ကြည့်မှုအဖွဲ့များအား ၀န်ကြီးချုပ် ဦးမန်းဂျော်နီ ဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆက်လက် မထားရှိတော့ကြောင်း သတင်းရရှိသည်။ (more…)
ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌမိသားစုနှင့် ပါတီဝင်များ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဒေါ်လှယဉ် (ဝိသာခါ) ဓမ္မာရုံကြီးတွင် ဇူလိုင် ၂၉ရက် နံနက်အရုဏ်ဦး၌ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းအောင် ဝန်ကြီးချုပ်(ငြိမ်း) ဇနီးဒေါ်ခင်ဌေးမြင့် မိသားစုများက ပုသိမ်မြို့ပေါ် ရပ်ကွက်များနှင့် တစ်ဖက်ကမ်းရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းတိုက် ၁၈၄တိုက်တွင် ဝါဆိုဝါကပ်တော် မူကြ သည့်သံဃာတော်အပါး ၂၅၆ဝ တို့အား အရုဏ် ဆွမ်း၊ ဆွမ်းဟင်းလောင်းလှူခဲ့သည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ပါတီမျက်နှာစုံညီ အစည်းအဝေးအကြို ညှိနှိုင်း စည်းဝေး
ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေး အကြိုညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ (၂၈) ရက် နံနက် (၉) နာရီအချိန်က ပြည်နယ်ပါတီရုံး ခန်းမတွင် ကျင်းပပြုလုပ်ရာ နယ်မြေ တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မောင်ဆွေ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။