မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်း အဝေးကို တိုင်းဒေသကြီးပါတီရုံးအစည်းအဝေးခန်းမတွင် ဇူလိုင်လ (၃၀) ရက် နံနက် (၉) နာရီကကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူးဦးတင်နိုင်သိန်း တက်ရောက်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်း အဝေးကို တိုင်းဒေသကြီးပါတီရုံးအစည်းအဝေးခန်းမတွင် ဇူလိုင်လ (၃၀) ရက် နံနက် (၉) နာရီကကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူးဦးတင်နိုင်သိန်း တက်ရောက်ခဲ့သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၂ဝ ရပ်ကွက် ကန်တော်မင်္ဂလာလမ်း ရှိ အောင်ဗောဓိစေတီတော် ဘုရားရင်ပြင်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင် လူငယ်ထုနှင့် အမျိုးသမီးလူငယ်ထုများစုပေါင်း၍ ဇူလိုင် (၃၁) ရက် နံနက် (၇) နာရီတွင် သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက် တံတားမြို့နယ်မှ ဆဋ္ဌမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲကို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဇူလိုင် (၃၁) ရက် နံနက် (၆) နာရီက ကျင်းပ ခဲ့သည်။
အဆိုပါ မြို့နယ်ပါတီရုံး၌ပြုလုပ်သော ဆဋ္ဌမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ၌ ဗဟို၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုးဝင်း ဦးဆောင်သည့် ကော်မတီဝင်များ၊ ပါတီဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူများက စုပေါင်းကပ်လှူခဲ့ကြကြောင်း သိရသည်။
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ခရိုင်ကော်မတီဝင်အသစ် ရွေးချယ်ခြင်း အခမ်းအနားကို ကယားပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၉)ရက် နံနက်(၀၉၀၀)အချိန်က ကျင်းပ ပြုလုပ်ရာ၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီတို့ တက်ရောက် အားပေးကြကြောင်း သိရသည်။
အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခြေခံရမည့်မူများအဖြစ် ပြည်ထောင်စု တပ်မတော် ကို အရပ်ဘက်အုပ်ချုပ်ရေးအောက်တွင် ထားရှိရေးအပါအဝင် အခြေခံအချက်အချို့ကို မိုင်ဂျာယန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ မျက်နှာစုံညီအစည်းအဝေး တတိယနေ့၌ ဘုံသဘောထားအဖြစ် စုစည်းခဲ့သည်။ (more…)
တိုင်းရင်းသားများအနေဖြင့် ခွဲထွက်ရေးကိုချန်ထားပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး စသည့် အဓိကအချက်သုံးချက်ကို တောင်းဆိုတိုက်ပွဲဝင်လျက်ရှိရာ မရမချင်းလက်တွဲဆောင်ရွက်ရန် ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက မိုင်ဂျာယန်ဒေသတွင်ကျင်းပလျှက်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီအစည်းအဝေး တတိယနေ့ သဘာပတိအဖွင့်မိန့်ခွန်း ပြောကြားရာတွင် တိုက်တွန်း ပြောကြားခဲ့သည်။ (more…)
မိုင်ဂျာယန်တိုင်း ရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး တတိယနေ့တွင် အခြေခံအချက် ၁၀ ချက်ကို ဘုံသဘောထား အဖြစ် စုစည်းခဲ့ကြောင်း သိရသည်။ (more…)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ မိုင်းလား လက်နက်ကိုင်အဖွဲ့တို့မှ ကိုယ်စားလှယ်များ ယနေ့ တွေ့ဆုံရာတွင် ၂၁ ရာစု ပင်လုံညီလာခံ၌ ပါဝင်နိုင်ရေးကို အဓိကထား ဆွေးနွေးခဲ့ပြီး ‘ဝ’ နှင့် မိုင်းလားဘက်ကလည်း ပါဝင်နိုင်ရေးကို လက်ခံကြောင်း သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများကို ပြောကြားသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖွင့်လှစ်ထားသော နိုင်ငံတကာတက္ကသိုလ်/ကျောင်းများ၊ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်း ကျောင်းများသည် ရေးဆွဲလျက်ရှိသည့်ပုဂ္ဂလိက ပညာရေးဥပဒေတွင် အကျုံးဝင်မည်ဖြစ်ပြီး အဆိုပါဥပဒေပြဋ္ဌာန်း ပြီးပါက ယင်းကျောင်းများအနေဖြင့် သက်ဆိုင်ရာဦးစီးဌာနတွင် ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။ (more…)
ဆရာဝန်၊ အင်ဂျင်နီယာနှင့်အနုပညာရှင်များ၏ ဝန်ဆောင်ခအဖြစ်ရရှိသည့် ဝင်ငွေများအပေါ် အခွန်ငွေနှုန်းထားများကို အပြည့်အဝပေးသွင်းရန် လာမည့် ၂ဝ၁၇၊ ၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အပြီးသတ် စည်းကြပ်ကောက်ခံသွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။ (more…)