မိုးကောင်းပြည်ခိုင်ဖြိုး သဘာဝဘေးဒဏ်သင့် မိသားစုများအတွက် အစားအစာများ သွားရောက်လှူဒါန်း

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေလျှံပြီး ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ တံတားဦးရပ်ကွက်နေ မိသားစု အချို့၏ နေအိမ်များ ရေနစ်မြုပ်နေသည်မှာ (၃ ပေမှ ၅ ပေ ကျော်ထိ) ၁၀ ရက်ခန့်ကြာနေပြီဖြစ်၍ မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နေအိမ်များရေနစ်မြုပ်နေသော မိသားစုများ စားသောက်ရေး အဆင်ပြေစေရန် အိမ်ထောင်စု (၁၈) စုအား ဇူလိုင်လ (၂၇) ရက် နံနက် (၁၀) နာရီခွဲအချိန်က ခေါက်ဆွဲခြောက် (၁၈)ဖာနှင့် ကြက်ဥ (၁၀၀) လုံး သွားရောက် ထောက်ပံ့ ကူညီပေးခဲ့ကြောင်း သိရသည်။

တနိုင်းပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှ ပြန်လည်ရွေးချယ်ဖွဲ့စည်းထားသော မြို့နယ်ပါတီကော်မတီဝင်များ၏ အပတ်စဉ်ပုံမှန်အစည်းအဝေးကို ဇူလိုင်လ (၂၅) ရက်က စတင်ဆောင်ရွက်ခဲ့ရာ ခရိုင်ကော်မတီဝင် ဦးကေဆန်အောင်မှ မြို့နယ်ကော်မတီဝင်များအား ကြိုဆိုကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရန်နှင့် ပါတီစည်းမျဉ်းစည်းကမ်း အတိုင်း တာဝန်ထမ်းဆောင်ကြရန် မှာကြားခဲ့သည်။

ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ (၁၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစည်းအဝေး ခန်းမ၌ ယမန်နေ့မွန်းလွဲ၂နာရီခွဲက မြို့ပေါ်ရှိဘုရားအမှူးရှိသောသံဃာတော်များအား ပင့်ဆောင်၍ မြို့နယ် ပါတီကော်မတီဝင်များက(၁၃)ကြိမ် မြောက်ဝါဆိုသင်္ကန်းကပ်လှူပူဇော် ပွဲအခမ်းအနား ကျင်းပသည်။

အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲတွင် အခမ်းအနားသို့ တက် ရောက်လာသော မြို့မရဲစခန်းမှူး ဒုရဲမှူးတင်ဦး၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် ရပ်ကွက်၊ ကျေးရွာ ပါတီဝင်များသည် ကြွရောက်လာ သော ပင့်သံဃာတော်အရှင်သူမြတ်တို့ထံ သီလခံယူဆောက်တည်ကြ ပြီးဆရာတော်ကြီးများက အန္တရာယ် ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ကြသည်။

ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ခြင်းအခမ်းအနားကို ဇူလိုင်လ (၂၈) ရက် နံနက် ၁ဝနာရီကကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌဦးဌေးဦး၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ပါတီဌာနချုပ်ရုံးမှ တာဝန်ရှိသူများတက် ရောက်ကြသည်။

ပြည်ကြီးတံခွန်မြို့နယ် လူငယ်ဖွံ့ဖြိုးရေးစင်တာသို့ မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီမှ လမ်းလျှောက်စက်လှူဒါန်း

ပြည်ကြီးတံခွန်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖွင့်လှစ်ထားသည့် လူငယ်ဖွံ့ ဖြိုးရေးစင်တာသို့ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ လမ်းလျှောက် လေ့ကျင့်ရေးစက်တစ်လုံးကို ဇူလိုင်လ (၂၇) ရက် နံနက် (၁၁) နာရီက ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့်ခရိုင်ပါတီကော်မတီဝင်များက ပေးအပ်လှူဒါန်းရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင် ဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များက လက်ခံရယူခဲ့သည်။

မြောက်ဦးခရိုင်ပါတီ မျက်နှာစုံညီစည်းဝေး၊ ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်း

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ မျက်နှာစုံညီအစည်းဝေးနှင့် ခရိုင်ပါတီ ကော်မတီ ပြန်လည်ရွေးချယ် ဖွဲ့စည်းရေးအခမ်းအနားကို ယနေ့ (ဇူလိုင်လ ၂၇ ရက်) နံနက် (၁၀) နာရီ အချိန်တွင် စတင်ကျင်းပရာ သဘာပတိအဖြစ် ပြည်နယ်ပါတီ အတွင်းရေးမှူး ဒေါက်တာစန်းရွှေမှ အဖွင့်အမှာစကား ပြောကြား ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး အခမ်းအနား ကို ပြည်မြို့ရှိ တိုင်းပါတီရုံး အစည်း အဝေးခန်းမတွင် ယနေ့ (ဇူလိုင် ၂၇) ရက် နံနက် (၉) နာရီက ကျင်းပရာ သဘာပတိအဖြစ် ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်း သဘာပတိအဖွဲ့ဝင်များအဖြစ် ဗဟိုအလုပ်အမှုဆောင် ဦးသန်းဌေး၊ တိုင်းရွေးချယ်ရေးကော်မတီဝင် ဦးဖေသန်း တို့က ဆောင်ရွက်ခဲ့ကြသည်။

တမူးပြည်ခိုင်ဖြိုး ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ဇူလိုင်လ (၂၃) ရက်နေ့က တမူးမြို့ အထက်ပိုင်းရွာ များသို့ သွားရောက်၍ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတွင် ၀ါဆို သင်္ကန်းများ ဆက်လက်လှူဒါန်းခဲ့သည်။

ထို့အပြင် စာသင်ကျောင်း (၁၃) ကျောင်းရှိ ပထမတန်းကျောင်းသားများ အတွက် ဗလာစာအုပ်များ လှူဒါန်းခြင်း၊ လျှပ်စစ်ဓါတ်အားကြိုးများ လှူဒါန်း ခဲ့ကြောင်း သိရသည်။

ဗန်းမော်ပြည်ခိုင်ဖြိုးပါတီ ၀ါဆိုသင်္ကန်းကပ်လှူရန် လုပ်အားဒါန ကူညီဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသက်ဝင်း၊ အတွင်းရေးမှူး ဦးစိုးမိုးကျော်တို့ ဦးဆောင်ပြီး မြို့နယ်ပါတီကော်မတီဝင်များသည် ဇူလိုင်လ (၂၅) ရက်နေ့က ဗန်းမော် သိမ်တော်ကြီးဝင်း သာသနာ့ဗိမ္မာန်တော်ကြီးတွင် ပုညကာရီအဖွဲ့မှ (၁၂) ကြိမ်မြောက် ဆွမ်းကပ်ခြင်းနှင့် ၀ါဆိုသင်္ကန်း ကပ်လှူခြင်းတို့အား လုပ်အားဒါန ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

အစိုးရသစ်၏ စီးပွားရေးမူဝါဒ ဇူလိုင် ၂၉ ရက်နေ့ ထုတ်ပြန်မည်

အစိုးရသစ်၏ စီးပွားရေးမူဝါဒကို အစိုးရတာဝန် စတင်ရယူပြီး ရက်ပေါင်း ၁၂၀ အကြာ ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန်ရုံးအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားသည်။ (more…)