အမေရိကန် သံရုံးဝင်းအတွင်း မျက်ရည်ယိုဗုံး စမ်းသပ်လေ့ကျင့်မှုနှင့်ပတ်သက်ပြီး ထပ်မံမဖြစ်စေရေး အထူး သတိထား ပြီးရှောင်ရှားရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးပြောကြားလိုက်ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကောင်စစ်ရေးနှင့် ဥပဒေရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါ်အေးအေးစိုး က ” ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ်မဖြစ်ဖို့ နှစ်နိုင်ငံပူးပေါင်းပြီး ညှိနှိုင်းတယ်။ နောက် ဒီလို ဟာမျိုးမဖြစ်အောင် ရှောင်ရှားပေးပါလို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သံရုံးနဲ့ပြောကြဆိုကြတာတော့ ရှိတယ်ပေါ့။ နောက်ဒီလိုဟာမျိုးမဖြစ်အောင် အထူးသတိပြုပြီးတော့ နောက်ကိုဒါမျိုးမဖြစ်ပါစေနဲ့။ ဒီလိုမျိုးဖြစ်တာ မကောင်း ဘူး။ နှစ်နိုင်ငံဆက်ဆံရေးကောင်းနေချိန်မှာ ဒါမျိုးဟာ နားလည်မှု လွဲမှားနိုင်ပါတယ်။ အဲ့ဒါကြောင့် အထူး သတိ ထားပြီးကြီးကြပ်ပါ။ နောက်မဖြစ်အောင်ရှောင်ရှား ပါလို့ပြောထားတယ်” ဟု ဇူလိုင် ၂၅ ရက်က ဒီမိုကရေစီ တူဒေးသတင်းစာ၏ မေးမြန်းမှုအား ပြောသည်။
ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးဝင်းအတွင်း ဇူလိုင်လ ၂၄ရက် ည ၈နာ ရီခန့်တွင် မျက်ရည်ယိုဗုံးအား စမ်းသပ်စဉ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သံရုံးအနီးလမ်းသွားလမ်းလာအချို့ မျက်လုံးများစပ်ခြင်း၊ မျက်ရည်ယိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (more…)