မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ ပြုလုပ်ခွင့် ဆိုင်းငံ့သည့်အပေါ် ကန့်ကွက်ကြောင်း အမျိုးသားလူငယ်ကွန်ဂရက် ထုတ်ပြန်

ရှမ်းပြည်နယ် ပင်လုံမြို့ ကျောက်တိုင်ကွင်း၌ပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ ပြုလုပ်ခွင့်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဆိုင်းငံ့ရန် အကြောင်းကြားထားသည့်အပေါ် ကန့်ကွက်ကြောင်း အမျိုးသားလူငယ်ကွန်ဂရက်က  ဇူလိုင် (၂၆) ရက်တွင် ထုတ်ပြန်ခဲ့သည်။ (more…)


မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမ တွင် ဇူလိုင်လ (၂၆) ရက် နေ့လည် (၁) နာရီ အချိန်က မြို့နယ်ပါတီကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ အတွင်းရေးမှူး ဦးလာပေါ်ထူး၊ မြို့နယ်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ ဖြစ်ကြသည့် ဦးသက်ဦး၊ ဦးလန်းဘောမ်၊ ဦးသန်းလွင်ဦး၊ ဒေါ်နွဲ့နွဲ့အေး၊ ဒေါ်ဂျာမိုင်အောင်၊ ဒေါ်လွမ်းနန်း၊ ဒေါ်ကေသွယ်ဦးတို့ တက်ရောက်ခဲ့ကြ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြစ်ဆုံ တည်ဆောက်ရေးလုပ်ငန်းခွင် ဧရိယာ ပုဒ်မ၁၄၄ ဆက်ထုတ်

မြစ်ဆုံရေအားလျှပ်စစ် တည်ဆောက်ရေးလုပ်ငန်းခွင် နယ်မြေဧရိယာအား ပုဒ်မ ၁၄၄ ဆက်လက်ထုတ်ပြန်ထားရန် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဇူလိုင်လ(၂၆)ရက်နေ့တွင် အမိန့်စာထုတ်ပြန်လိုက်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှသိရသည်။ (more…)


ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီမျက်နှာစုံညီအစည်းအဝေးနှင့် ရွှေးချယ်တင်မြှောက်ခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ယနေ့နံနက်တွင် တောင်ကြီးမြို့ ပြည်ခိုင်းဖြိုးပါတီ ခန်းမတွင်ကျင်းပပြုလုပ်ရာရှမ်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့ နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များမှတက်ရောက်ခဲ့ကြောင်း
သိရှိရပါသည် ။


အင်တာနက်လိုင်း ပိုမိုမြန်ဆန်စွာ အသုံးပြုနိုင်မည့် 2600 MHz လှိုင်းစဉ်နှုန်းကို ဆက်သွယ်ရေးက လေလံတင် ရောင်းချမည်

ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် 2600 MHz လှိုင်းစဉ်နှုန်းကို အောက်တိုဘာ ၁၇ ရက်တွင် လေလံတင် ရောင်းချမည်ဖြစ်ပြီး ဆက်သွယ်ရေး ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ခွင့် NFS (I) လိုင်စင်ရရှိထားသည့် ကုမ္ပဏီ ၃၅ ခု ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


ရပ်နားထားသော မဏိပူရ်ဆည် စီမံကိန်း ဆက်လက်အကောင်အထည်ဖော်မည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ မဏိပူရ်မြစ်ပေါ်တွင်လုပ်ဆောင်နေသော မဏိပူရ်ဆည်စီမံကိန်း ရပ်နားထားခဲ့ရာမှ တရုတ်ကုမ္ပဏီတစ်ခု၏ ဖြစ်မြောက်နိုင် ကြောင်း အစီရင်ခံစာကြောင့် ဆက်လက်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြောကြားသည်။ (more…)


မိုင်ဂျာယန်အစည်းအဝေးတွင် ခေါင်းစဉ်ကြီးလေးရပ် ဆွေးနွေးမည်

မိုင်ဂျာယန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီအစည်းအဝေးတွင် ခေါင်းစဉ်ကြီးလေးရပ် ဆွေးနွေး ဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


ပုဂ္ဂလိက ရုပ်သံလုပ်ငန်းအသစ်များ ခွင့်ပြုပေးတော့မည်

ပုဂ္ဂလိကရုပ်သံထုတ်လုပ်သည့် လုပ်ငန်းသစ်များ၏ ရုပ်သံထုတ်လွှင့်ခွင့်များကို ခွင့်ပြုပေးသွားတော့မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထံမှ သိရသည်။ (more…)


အမေရိကန်သံရုံးဝင်းအတွင်း မျက်ရည်ယိုဗုံး စမ်းသပ်လေ့ကျင့် မှု နောင် အလားတူ ထပ်မံမဖြစ်ရေး နိုင်ငံခြားရေး ၀န်ကြီးဌာန အသိပေးပြောကြားခဲ့ဟုဆို

အမေရိကန် သံရုံးဝင်းအတွင်း မျက်ရည်ယိုဗုံး စမ်းသပ်လေ့ကျင့်မှုနှင့်ပတ်သက်ပြီး ထပ်မံမဖြစ်စေရေး အထူး သတိထား ပြီးရှောင်ရှားရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးပြောကြားလိုက်ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကောင်စစ်ရေးနှင့် ဥပဒေရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါ်အေးအေးစိုး က ” ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ်မဖြစ်ဖို့ နှစ်နိုင်ငံပူးပေါင်းပြီး ညှိနှိုင်းတယ်။ နောက် ဒီလို ဟာမျိုးမဖြစ်အောင် ရှောင်ရှားပေးပါလို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သံရုံးနဲ့ပြောကြဆိုကြတာတော့ ရှိတယ်ပေါ့။ နောက်ဒီလိုဟာမျိုးမဖြစ်အောင် အထူးသတိပြုပြီးတော့ နောက်ကိုဒါမျိုးမဖြစ်ပါစေနဲ့။ ဒီလိုမျိုးဖြစ်တာ မကောင်း ဘူး။ နှစ်နိုင်ငံဆက်ဆံရေးကောင်းနေချိန်မှာ ဒါမျိုးဟာ နားလည်မှု လွဲမှားနိုင်ပါတယ်။ အဲ့ဒါကြောင့် အထူး သတိ ထားပြီးကြီးကြပ်ပါ။ နောက်မဖြစ်အောင်ရှောင်ရှား ပါလို့ပြောထားတယ်” ဟု ဇူလိုင် ၂၅ ရက်က ဒီမိုကရေစီ တူဒေးသတင်းစာ၏ မေးမြန်းမှုအား ပြောသည်။

ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးဝင်းအတွင်း ဇူလိုင်လ ၂၄ရက် ည ၈နာ ရီခန့်တွင် မျက်ရည်ယိုဗုံးအား စမ်းသပ်စဉ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သံရုံးအနီးလမ်းသွားလမ်းလာအချို့ မျက်လုံးများစပ်ခြင်း၊ မျက်ရည်ယိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (more…)


ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် တာဝန်ထမ်းရန် လျှောက်ထားမှု ရက်ထပ်တိုး

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်လိုသူများအနေနှင့် အဆိုပြုလွှာ များကို သြဂုတ်လအထိ တိုးမြှင့်လျှောက်ထားခွင့် ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၁၄ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ (more…)