၃ ပွင့်ဆိုင်ဆွေးနွေးရေးမူကို မိုင်ဂျာယန်အစည်းအဝေးတွင် သဘောတူ

နိုင်ငံရေးဆွေးနွေးပွဲများအတွက် ၃ ပွင့်ဆိုင်ဆွေးနွေးရေးမူကို ကိုင်ဆွဲဆွေးနွေးရန် ကချင်ပြည်နယ်၊ မိုင်ဂျာယန် မြို့တွင် ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးက သဘောတူ ဆုံးဖြတ်လိုက်ကြပြီဖြစ်ကြောင်း သိရှိရသည်။ (more…)


မိုင်ဂျာယန်အစည်းအဝေး ဆုံးဖြတ်ချက်ချနိုင်ခြင်းမရှိ၊ အစိုးရနှင့် ဆက်လက်ညှိနှိုင်းမည်

၂၁ ရာစုပင်လုံညီ လာခံတက်ရောက်ရန် ငါးရက်ကြာကျင်းပခဲ့သော မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ မျက်နှာစုံညီအစည်းအဝေးတွင် ဆုံးဖြတ်ချက်ချ မှတ်နိုင်ခြင်းမရှိခဲ့ဘဲ အစိုးရနှင့် ဆက်လက်ညှိနှိုင်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


ပထမဆုံးပြုလုပ်သည့် နိုင်ငံရေးစာတမ်းဖတ်ပွဲမှ စာတမ်း ၁၈ စောင်ကို စာအုပ်အဖြစ်ထုတ်ဝေမည်

အစိုးရသစ်လက်ထက် ပြန်ကြားရေးဝန်ကြီးဌာနက ပထမဆုံးပြုလုပ်သည့် နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲတွင် ဖတ်ကြားခဲ့သည့် စာတမ်း ၁၈ စောင်ကို စာပေဗိမာန်က စာအုပ်အဖြစ်ထုတ်ဝေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၉ ရက်မှ ၃၁ ရက်အထိ သိမ်ဖြူလမ်းရှိ ပုံနှိပ်ထုတ်ဝေရေးအဆောက်အအုံ၌ ပြုလုပ်သည့် အဆိုပါ စာတမ်းဖတ်ပွဲနှင့် မိုးရာသီ စာအုပ်အရောင်းပွဲတွင် တစ်ရက်လျှင် စာတမ်းဖတ်ကြားသူ ခြောက်ဦးနှုန်းဖြင့် ၁၈ စောင် ဖတ်ကြားခဲ့သည်။

မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံများတွင် ငွေပေးချေမှု လွယ်ကူစေရန်အတွက် ကတ်ဖြင့် ငွေပေးချေနိုင်သည့် စနစ်ကို ထူထောင်ရန်စီစဉ်နေဟုဆို

မြန်မာနိုင်ငံ အပါအ၀င်အာဆီယံနိုင်ငံများတွင် ငွေပေးချေမှု လွယ်ကူအဆင်ပြေစေရေးအတွက် ကတ်ဖြင့် ငွေပေး ချေနိုင်သည့်စနစ်ကို ထူထောင်ရန် ဒေသတွင်း နိုင်ငံများက စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်တော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌဒေါ်ခင်စောဦး၏ ပြောကြားချက်အရ သိရသည်။ (more…)


“၀” အထူးဒေသ-၂ ၊ မိုင်းလားအထူးဒေသ-၄ တိုင်းရင်းသားခေါင်းဆောင်များမှပါတီဥက္ကဌ ဦးသိန်းစိန် အား လာရောက်တွေ့ဆုံ

(၃၀-၇-၂၀၁၆) ရက်နေ့ နံနက်ပိုင်း (၀၈၃၀)နာရီချိန်မှ (၀၉၃၀)နာရီချိန်ထိ “၀” အထူးဒေသ-၂ ဦးပေါက်ယူယီ ဦးဆောင်သော တိုင်းရင်းသား ကိုယ်စားလှယ်များ၊ မိုင်းလားအထူးဒေသ-၄ မှ ဦးစိုင်းလင်း ဦးဆောင်သော တိုင်းရင်းသား ကိုယ်စားလှယ်များ စုစုပေါင်းအင်အား (၈၀) ဦးခန့်သည် နေပြည်တော်ရှိ ပါတီဌာနချုပ်ရုံး ဧည့်ခန်းမဆောင်တွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

13876628_411634895678310_7997547608421893976_n

(more…)


ဘောလခဲခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးကျင်းပ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက် အားပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်(၂၉)ရက် ညနေ(၂း၀၀)နာရီအချိန်က ကယားပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီတို့ တက်ရောက် အားပေး ကြကြောင်း သိရသည်။

BawlaKhe2

(more…)


စစ်တွေခရိုင်/မြို့နယ်ပါတီမှ ကျေးရွာပါတီဝင်မိသားစု ကျောင်းသားကျောင်းသူ များအတွက် စာရေးကိရိယာများ လှူဒါန်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ငတောက်တက်ကျေးရွာမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်မိသားစု ကျောင်းသား ကျောင်းသူ (၈၃)ဦးအား ပညာရေးမြှင့်တင်နိုင်ရန် စာရေးကရိယာများကို စစ်တွေ ခရိုင်နှင့် မြို့နယ် ပေါင်းစပ်၍ ဇူလိုင်လ (၂၉) ရက် မွန်းလွဲ (၃) နာရီခွဲအချိန်က သွားရောက် လှူဒါန်းခဲ့သည်။

MMA5

(more…)


ပဲခူးတိုင်းဒေသကြီး(အရှေ့)ပါတီမျက်နှာစုံညီစည်းဝေး ပါတီပြန်လည် ပြင်ဆင်ရွေးချယ်ရေး အခမ်းအနားကျင်းပ

ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ဇူလိုင် (၂၉) ရက် နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး (အရှေ့)မျက်နှာစုံညီအစည်းအဝေးနှင့် ပါတီပြန်လည်ပြင်ဆင်ရွေးချယ် ရေးအခမ်းအနားကို ကျင်းပခဲ့သည်။

Bago East2

(more…)


ရန်ကုန်တောင်ပိုင်းခရိုင်ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့ စည်းရေးနှင့် မျက်နှာစုံညီအစည်းအဝေးကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးနှင့် မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ (၃၀) ရက် နံနက် (၁ဝ) နာရီက သန်လျင်မြို့နယ်ရှိ တောင်ပိုင်းခရိုင် ရုံးခန်းမ၌ ကျင်းပသည်။

YGN South

(more…)


ရှမ်းပြည်နယ်(မြောက်ပိုင်း) မျက်နှာစုံညီအစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် တက်ရောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် (၂၉) ရက် နံနက် (၉) နာရီက ပါတီမျက်နှာစုံညီအစည်းအဝေးသို့ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် တက်ရောက်အမှာ စကားပြောကြားခဲ့သည်။`

အခမ်းအနားအစီအစဉ်အရ သဘာပတိဦးစိုင်းကြူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဗဟို ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်က လမ်းညွှန်အမှာ စကားပြောကြားခဲ့သည်။