ဆင်းမ်ကတ်များ မှတ်ပုံတင်ပြီးလျှင် ၁၉၉ သို့ နောက်ပြောင်မှုများကို အရေးယူမည်

IMG_6420aaaaaaaaaaaaa

  မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက မိုဘိုင်း ဆင်းမ်ကတ်များကို မှတ်ပုံတင်၍ အသုံးပြုရန် ညွှန်ကြားလိုက်ခြင်းကြောင့် ၁၉၉ Call Center သို့ နောက်ပြောင် သတင်းပေးပို့မှုများကို အရေးယူတော့မည်ဖြစ် ကြောင်း သတင်းရရှိသည်။ ဆက်သွယ်ရေးဦးစီးဌာနမှ ပြည်တွင်း အော်ပရေတာသုံးခု၏ ဆင်းမ်ကတ်များကို ၂၀၁၇ မတ် လ ၃၁ ရက် နောက်ဆုံးထား၍ မှတ်ပုံတင်ရန် ညွှန်ကြားထားပြီး ထိုသို့ ပြုလုပ်ပြီးပါက ၁၉၉ Call Center သို့ နောက်ပြောင်ခေါ်ဆို မှုများ၊ သတင်းအမှား ပေးပို့မှုများ ကို ဖမ်းဆီးအရေးယူရန် ဆောင် ရွက်မည်ဟု ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးလှဝေကပြောသည်။

 လက်ရှိတွင် ၁၉၉ Call Center သို့ မှန်ကန်စွာသတင်းပေး ပို့မှု နည်းပါးနေပြီး နောက်ပြောင် ခေါ်ဆိုမှုများ၊ သတင်း အမှား ပေးမှုများသည် တစ်လလျှင် ငါးပုံလေး ပုံခန့်ရှိနေသည်။ ထို့ကြောင့် ထို ကဲ့သို့ နောက်ပြောင်ခေါ်ဆို သူများ ကို စံနမူနာအဖြစ် အရေးယူရန် လိုအပ်နေကြောင်း ၎င်းကဆိုသည်။ ‘‘Call Center ကို ဖုန်းခေါ်ပြီး ဆဲသွားတာ ရှိတယ်။ မီးလောင်တယ်။ လူသတ်ခံရတယ်ဆိုပြီး သတင်းအမှားတွေပြောတယ်။ ကြိုးဖုန်းနဲ့ဆက်တာဆိုရင်တော့ လိုက် လို့လွယ်တယ်။ လက်ရှိမှာတော့ တစ်ခါသုံး ဆင်းမ်ကတ်တွေနဲ့ဆိုတော့ အရေးယူဖို့မလွယ်ဘူး။ အနှောင့်အယှက် အရမ်းဖြစ်ပါတယ်’’ ဟု ၁၉၉ Call Center မှ တာဝန်ခံ ဒုရဲအုပ်ဟိန်းမင်းသူက ပြောသည်။

ထိုကဲ့သို့ အရေးယူရန် မြန် မာ့ဆက်သွယ်ရေးနှင့် အချိတ်အ ဆက်ရှိနေပြီဖြစ်ပြီး တယ်လီနော၊ အော်ရီးဒူး စသည့် အော်ပရေတာများသို့ အကူအညီတောင်းခံကာ အလွယ်တကူ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ၁၉၉ ဖုန်းသတင်း လက်ခံဌာန Call Center သို့ ဖုန်းခေါ်ဆိုကာ စနောက်ခြင်း များ၊ မမှန်သတင်းပေးခြင်းများ မပြုလုပ်ကြပါရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က မေတ္တာရပ်ခံ ထားသော်လည်း လက်ရှိ အချိန်ထိ တစ်ရက်လျှင် ပျမ်းမျှဖုန်းခေါ်ဆိုမှု ၄၀၀ ခန့်မှာ မမှန်သတင်းပေးခြင်းများဟု အဆိုပါရဲအရာရှိ က ပြောသည်။

ဖိုးသူတော် (www.phothutaw.com) Credit : 7Day Daily


Leave a Reply