အစိုးရသစ်လက်ထက် ပြန်ကြားရေးဝန်ကြီးဌာနက ပထမဆုံးပြုလုပ်သည့် နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲတွင် ဖတ်ကြားခဲ့သည့် စာတမ်း ၁၈ စောင်ကို စာပေဗိမာန်က စာအုပ်အဖြစ်ထုတ်ဝေမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၉ ရက်မှ ၃၁ ရက်အထိ သိမ်ဖြူလမ်းရှိ ပုံနှိပ်ထုတ်ဝေရေးအဆောက်အအုံ၌ ပြုလုပ်သည့် အဆိုပါ စာတမ်းဖတ်ပွဲနှင့် မိုးရာသီ စာအုပ်အရောင်းပွဲတွင် တစ်ရက်လျှင် စာတမ်းဖတ်ကြားသူ ခြောက်ဦးနှုန်းဖြင့် ၁၈ စောင် ဖတ်ကြားခဲ့သည်။