သံတွဲပြည်ခိုင်ဖြိုးပါတီ အလက(ခွဲ) ရွှေလှော်ကျေးရွာစာသင်ကျောင်း ဆရာ/ဆရာမများ ကျောင်းသားများ အတွက် လှူဒါန်း

Rakhine3

ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်နှင့် ခရိုင်ပါတီ၏ ကြီးကြပ်မှုဖြင့် သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစန်းနိုင်၊ အတွင်းရေးမှူး ဦးကြည်ရွှေနှင့် ကော်မတီဝင်များနှင့် ရွှေလှော်ကျေးရွာအုပ်စု စည်းရုံးရေးမှူးတို့သည် သြဂုတ်လ (၁၀) ရက် နံနက် (၁၀) နာရီအချိန်က သံတွဲမြို့နယ် ရွှေလှော်ကျေးရွာအုပ်စု အလက(ခွဲ) ရွှေလှော်ရွာသို့ သွားရောက် ၍ ဆရာ ဆရာမ(၉)ဦးအတွက် လုံချည်(၉)ထည် အလယ်တန်းမူလတန်း ကျောင်းသား ကျောင်းသူ(၁၄၉)ဦးတို့အတွက် ဗလာစာအုပ် ဒါဇင်(၁၀၀)နှင့် KG ကျောင်းသား ကျောင်းသူ (၂၅) ဦးအတွက် သွားတိုက်ဆေးနှင့် သွားတိုက်တံ (၂၅)စုံတို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

သရဏဂုံ


Leave a Reply