ပါတီလစဉ်ပုံမှန်စည်းဝေးပွဲနှင့် မိတ်ဆုံစားပွဲကြို့ပင်ကောက်တွင်ကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ကြို့ပင်ကောက် ပြည်ခိုင် ဖြိုးရုံးခန်းမအတွင်း ယနေ့နံနက် ပိုင်းကကျင်းပသော လစဉ်ပုံမှန် စည်းဝေးပွဲနှင့်မိတ်ဆုံစားပွဲ၌အခမ်း အနားမှူးဒေါ်တင့်တင့်ခိုင်က ဖွင့် လှစ်ကြောင်းကြေညာသည်။

ထို့နောက် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ(ငြိမ်း)ဦးဝင်းမြင့်စိုးက အဖွင့် အမှာစကားနှင့်အတိတ်အနာဂတ် အတွက် သင်ခန်းစာယူရမည့် ကိစ္စ ရပ်များကိုထည့်သွင်းဆွေးနွေးကာ ပါတီ၏ဖွဲ့စည်းပုံကို ရှင်းပြသည်။
ထို့နောက် ပါတီတိုင်းကော် မတီဝင် ဦးယဉ်ထွေးက ပါတီ အကြောင်း သိကောင်းစရာများကို ဆွေးနွေး၍ ပြည်ခိုင်ဖြိုးမြို့နယ် ဥက္ကဋ္ဌဦးတင်စိုးက ပါတီ၏ရှေ့ လုပ်ငန်းစဉ်များကိုဆွေးနွေးသည်။
အခမ်းအနားကို အစီအစဉ် ငါးရပ်ဖြင့်ကျင်းပခဲ့ပြီး မိတ်ဆုံစား ပွဲအစီအစဉ်ကို ကျင်းပခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ(ငြိမ်း) ဦးဝင်းမြင့်စိုး၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်(ငြိမ်း)ဦးခင်မောင် လွင်၊ ပြည်ခိုင်ဖြိုးတိုင်းကော်မတီ ဝင် ဦးယဉ်ထွေး၊ ပါတီမြို့နယ် ဥက္ကဋ္ဌဦးတင်စိုးနှင့် ကော်မတီဝင် များ၊ရုံးအဖွဲ့ဝင်များ၊ ရပ်/ကျေးမှ အမာခံစည်းမှူးနှင့် အရန်စည်း မှူးများ တက်ရောက်ခဲ့ကြသည်။

၎င်းတို့မြို့နယ်၌ ၅၉ အုပ်စု ရှိရာ ပြည်ခိုင်ဖြိုးအမာခံ၊ အရန် အမာခံ ၄၁ အုပ်စုမျှသာ တက် ရောက်ခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


Leave a Reply