၂၁ ရာစု ပင်လုံ ညီလာခံတွင်မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ပါဝင်လာရန် အစိုးရက ဖိတ်ခေါ်၍ အားလုံးပါဝင်ရေးမူကို အကောင်အထည်ဖော်ရန် အထူးဒေသ (၄) မိုင်းလားအဖွဲ့ (NDAA)က တိုက်တွန်း ပြောဆိုလိုက်သည်။ (more…)
လုံခြုံရေးတိုးမြှင့်ထား၍ ထိုင်းရောက်မြန်မာများ အထူးသတိပြုရန် မြန်မာသံရုံးထုတ်ပြန်
ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်း လူထုဆန္ဒခံယူပွဲပြုလုပ်မည့်ရက်ပိုင်းအတွင်း လုံခြုံရေးတိုးမြှင့်ထားမည် ဖြစ်၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အထူးသတိပြု နေထိုင်သွားလာရန်နှင့် ခရီးသွားရန်ရှိပါက စာရွက် စာတမ်း အထောက်အထားအပြည့်အစုံယူသွားပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ပွားပါက ဖုန်းဆက်၍ အကူအညီ တောင်းခံနိုင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။ (more…)
အရေးပေါ်စီမံမှုအက်ဥပဒေကို ရုတ်သိမ်းမည့် ဥပဒေကြမ်း တင်သွင်း
အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းမည့်ဥပဒေကြမ်းကို သြဂုတ် (၁) ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့တွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ တင်သွင်းခဲ့သည်။ (more…)
တိုင်းရင်းသားလူငယ်များ ညီလာခံမှ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၇) ရပ် ထွက်ရှိလာ
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားလူမျိုး ၂၆ မျိုးက ဖတ်ကြားတင်သွင်းလာသည့် စာတမ်းများ အပေါ် ဆွေးနွေးခဲ့ကြပြီးနောက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ၇ ရပ် ထွက်ရှိလာကြောင်း သိရသည်။
သြဂုတ် ပထမပတ်တွင် ဟင်္သာတမြို့၏ အမြင့်ဆုံးရေအမှတ်သို့ ရောက်ရှိနိုင်
သြဂုတ်လ ၂ ရက်နေ့ နံနက် ၉နာရီအချိန်တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့၏ စိုးရိမ်ရေ အမှတ်အထက် ၁.၈ ပေခန့် ကျော်လွန်ရောက်ရှိနေကြောင်း ဆည်မြောင်းဦးစီးဌာနထံမှ သိရသည်။
ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့၏ စိုးရိမ်ရေအမှတ် ၄၄ ပေ အထက်သို့ ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်၍ ကျော် လွန်ခဲ့ပြီး ရက်သတ္တပတ် ၂ ပတ်ကျော်ကြာ ကြာမြင့်နေခြင်းဖြစ်သည်။
” သြဂုတ်လ ၂ရက်နေ့နဲ့ ၃ရက်နေ့တွေမှာ မြန်မာပြည်အလယ်ပိုင်းမှာ မိုးရွာမယ်။ မုံရွာတို့ ညောင်ဦးတို့လို မြန်မာ ပြည်အထက်ပိုင်းမှာလည်း မိုးဆက်ရွာဖို့ရှိတယ်။ ဒီရေတွေဆက်ဆင်းလာတာ ဟင်္သာတကို ၇ ရက်လောက်ကြာရင် ရောက်မယ်။ တိမ်တိုက်တွေ အိန္ဒိယကမ်းခြေကိုရောက်တဲ့ သြဂုတ်လ ၆ ရက် ၇ ရက်ပတ်ဝန်းကျင်မှာ ဟင်္သာတ ပတ်ဝန်းကျင်မှာ မိုးကြီးဖို့ရှိတယ်။ ဒီတော့ ဟင်္သာတက လက်ရှိရေအမှတ် ၄၅.၈၀ ပေကနေ ၄၇ ပေလောက်ထိ တက်ဖို့ရှိပြီး ရေပြန်ကျမယ်” ဟု မိုးလေဝသပညာရှင် ဦးချစ်ကျော်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားသည်။ (more…)
E-Bagan ဝက်ဘ်ဆိုက်နဲ့ Call Center တည်ထောင်မယ်
ပုဂံဒေသသို့ သွားရောက်လည်ပတ်မည့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအနေဖြင့် ပုဂံဒေသ၏ သမိုင်း ကြောင်းနှင့် သွားရောက်လေ့လာနိုင်မည့် နေရာများ အားလုံးကို မိုဘိုင်းဖုန်းတစ်လုံးရှိရုံဖြင့် အလွယ်တကူ သိရှိ နိုင်စေရန် E-Bagan အမည်ရှိ ဝက်ဘ်ဆိုက်နှင့် Call Center တို့ကို တည်ထောင်ရန် စီစဉ်နေကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့မှ သတင်းရရှိသည်။ (more…)
ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌဦးဌေးဦး လုပ်ငန်းလမ်းညွှန်မှာကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဇူလိုင်လ (၃၁) ရက် နံနက် (၁၀) နာရီ (၁၅) မိနစ်အချိန်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ဗိုလ်မြတ်ထွန်းတံတား ပြည်ခိုင်ဖြိုးရိပ်သာ၌ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အတူ ဧရာဝတီတိုင်း ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
ဗန်းမော်ခရိုင်ပါတီ မျက်နာစုံညီ အစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနား ကျင်းပပြီးစီး
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နာစုံညီအစည်းအဝေးးကို ဇူလိုင်လ (၂၉) ရက် နံနက် (၉) နာရီ (၃၀) မိနစ်နာရီက ခရိုင်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြီးစီးခဲ့သည်။
မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးကျင်းပ
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို သြဂုတ်လ (၁) ရက်နေ့ နံနက် (၁၀) နာရီအချိန်က မကွေးမြို့ တိုင်းပြည်ခိုင်ဖြိုးခန်းမတွင် ကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ သူရဦးအေးမြင့် တက်ရောက်ခဲ့သည်။
“ဒီမိုကရေစီပြောင်းလဲမှုအခန်းကဏ္ဍ” ဆွေးနွေးပွဲ ပြုလုပ်
တာချီလိတ်နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ ဖိတ်ကြားချက်ဖြင့် တာချီလိတ် မြို့သို့ရောက်ရှိနေသော Legal Clinic Myanmar မှ ရှေ့နေ ဦးနေ၀င်းနိုင် အား တာချီလိတ်ခရိုင်/ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးသို့ ထပ်ဆင့်ဖိတ်ကြားခဲ့ပြီး (၁.၈.၂၀၁၆) နေ့ နံနက် (၉)နာရီအချိန်တွင် ဒီမိုကရေစီပြောင်းလဲမှု အခန်း ကဏ္ဍကို အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးမှုများအား တာချီလိတ် ပြည်ခိုင်ဖြိုးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။