ရခိုင်ပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး များယခုလ ၃ ရက်တွင်စတင်ကျင်းပ

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများကို ယခုလ ၃ ရက်တွင် ပြန်လည်စတင် ကြောင်း သိရသည်။
အစည်းအဝေးတက်ရောက်ရန်အတွက် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်အများစု စစ်တွေမြို့သို့ရောက်ရှိနေပြီဖြစ်ပြီး အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသည့် ရေးရာကော်မတီများက လွှတ်တော်ရပ်နားထားချိန်တွင် ၄င်း တို့၏ လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍တင်ပြသွားရန်ရှိ ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။
”အစည်းအဝေးတက်မယ့် ကိုယ်စားလှယ်တွေကို ခေါ် ထားပြီးပါပြီ။ စစ်တွေမှာ ကိုယ်စားလှယ်တွေ စုံသလောက်ရှိနေ ပါပြီ။ အစည်းအဝေးမှာ ကော်မတီတွေက သူတို့လှုပ်ရှားမှု တွေကို တင်ပြရမှာဖြစ်ပြီးတော့ ဆွေးနွေးစရာတွေကလည်း အများကြီးရှိပါတယ်”ဟု ၄င်းက ပြောသည်။
ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်သက်တမ်းတွင် ပုံမှန်အစည်းအဝေးတစ်ကြိမ်နှင့် အထူးအစည်းအဝေးတစ်ကြိမ် ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးများတွင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကိုရွေးချယ်ခြင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များကို ရွေးချယ်အတည်ပြုခြင်းနှင့် ကျမ်းသစ္စာကျိန် ဆိုခြင်း၊ လွှတ်တော်ရေးရာကော်မတီများ ဖွဲ့စည်းခြင်းစသည့် လုပ်ငန်းများကို အဓိကဆောင်ရွက်ခဲ့သည်။

ယခုကျင်းပသည့် ဒုတိယပုံမှန်အစည်းအဝေးတွင် လွှတ် တော်ရေးရာကော်မတီများ၏လုပ်ငန်းများ လည်ပတ်နေပြီဖြစ် သောကြောင့် ယခင်အကြိမ်များထက် အဆိုနှင့်မေးခွန်းများ ပိုမိုလာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ယခုလ ၃ ရက်တွင်စတင် ကျင်းပသည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများ ပြီး ဆုံးမည့်ရက် အတိအကျကိုခန့်မှန်း၍ မရသော်လည်း ယခုလ လယ်အထိကျင်းပရဖွယ်ရှိကြောင်း ဦးစံကျော်လှက ပြောသည်။
ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်တွင် ရွေး ကောက်ခံကိုယ်စားလှယ်များအနက် ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်နေရာအများစုကိုရရှိထားပြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီတို့ကလည်း ကိုယ်စားလှယ်နေရာများ အသီးသီးရရှိ ထားသည်။

Rakhine New Agency


Leave a Reply