ပဲခူး(အနောက်) ပြည်ခိုင်ဖြိုးပါတီမှ ရေးဘေးသင့်ပြည်သူများထံသို့ သွားရောက်လှူဒါန်း

ပဲခူး (အနောက်) ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ နံနက် (၈း၃၀)အချိန်တွင် ပြည်မြို့နယ်၊ ပြည်သာယာရပ်ကွက်အတွင်းရှိ ကယ်ဆယ်ရေးစခန်း(၄)ခုမှ အိမ်ထောင်စု (၁၃၇)စုသို့ ခေါက်ဆွဲခြောက် (၁၃)ဖာ၊ ဆပ်ပြာမှုန့်ထုပ်(၂၀၀)နှင့် ရေသန့်ဆေးမှုန့်ထုပ်(၂)ပါကင်တို့အားလည်းကောင်း၊ ပြည်မြို့နယ်၊နတ္တလင်းတိုက်နယ် ငါးရွာအုပ်စုအတွင်းရှိ တောင်ကုန်းကျေးရွာနှင့် ရှမ်းစုကျေးရွာတို့မှ အိမ်ထောင်စု (၂၂၅)စုသို့ ဆန်(၁) ပြည် ခန့်ထုပ်(၂၂၅)ထုပ်နှင့် ဖယောင်းတိုင်အထုပ် (၂၀၀)တို့ကို ပြည်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ၊ အတွင်းရေးမှူးအပါအ၀င် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်အရံပါတီ ကော်မတီဝင်များနှင့် ရပ်/ကျေးစည်းမှူးများ၊ ပါတီဝင်များ စုစုပေါင်း အင်အား(၄၀)ခန့် သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိသည်။

အောင်တိုး


Leave a Reply