ဟင်္သာတခရိုင် မြို့နယ် ပါတီဝင်များနှင့် ဒုတိယဥက္ကဋ္ဌဦးဌေးဦးတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦး သည် ယခုလ ၂ ရက် နံနက် ၁ဝ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအလုပ်အမှုဆောင် ဦးခင်မောင်ရီ၊ ဟင်္သာတခရိုင်/ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများနှင့်တွေ့ဆုံသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက မိမိတို့ပါတီဝင်များ သည် ပါတီက ချမှတ်ထားသော ရည်မှန်းချက်၊ မူဝါဒ၊ လမ်းစဉ်များ ဖြင့် ပြည်သူ့အကျိုး၊နယ်မြေအကျိုး လက်တွေ့ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပြီး ကိုယ်တိုင်ဆန္ဒပြုဝင် ရောက်လာကြသူများဖြစ်ကြောင်း၊ မိမိတို့ပါတီသည် ပါတီသက်တမ်း ခြောက်နှစ်ခန့်သာ ရှိသော်လည်း ပြည်ခိုင်ဖြိုးအသင်းဘဝကပင်နိုင်ငံ ရဲ့အရေးအရာ ကိစ္စရပ်များတွင်ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း၊ ပါတီစုံ ဒီမိုကရေစီကျင့်စဉ်ကို ပြောင်းလဲ ကျင့်သုံးနိုင်ရန်အတွက် အသင်းအဖြစ် တည်ရှိစဉ်ကပင် ပြည်သူ များနှင့်အတူ လက်တွဲပြီး ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း၊ လက်ရှိ ပြောင်းလဲကျင့်သုံးနေသည့် ပါတီစုံ ဒီမိုကရေစီကျင့်စဉ် ရှင်သန်ခိုင်မာ ရေးအတွက်လည်း ပါဝင်ဆောင်ရွက်ခဲ့ကြသူများ ဖြစ်ကြောင်း၊ ပါတီဝင်များသည် မိမိတို့၏ယုံကြည် ချက်စွဲမြဲခိုင်မာအောင် ကြိုးပမ်းကြ ရန်လိုသကဲ့သို့ မိမိတို့ယုံကြည်မှု ပိုမိုစွဲမြဲခိုင်မာအောင်လည်းကြိုးပမ်း ကြရန်လိုကြောင်း၊မိမိတို့ပါတီသည် ပါတီဝင်များနှင့်စုစည်းဖွဲ့စည်းထား ခြင်းဖြစ်ကြောင်း၊ တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် ဖွဲ့စည်း တည်ထောင်ထားခြင်းမဟုတ်ကြောင်း၊ ပါတီဝင်တိုင်း အလုပ်ညီညွတ်မှုရှိ ရန်၊ အလုပ်ညီညွတ်မှုမှ မူဝါဒရေးရာ ညီညွတ်မှုရှိရန်၊ မူဝါဒ ညီညွတ်မှုမှ သဘောတရားရေးရာ ညီညွတ်မှုရှိအောင် ဆောင်ရွက်နေ ကြသူများဖြစ်ကြောင်း၊ ပါတီဝင် တိုင်း တစ်ဦးနှင့်တစ်ဦး အရည် အချင်းမတူညီကြကြောင်း၊ အရည် အချင်းမတူသူများကို ယုံကြည်မှု ဖြင့် စုစည်းထားခြင်းဖြစ်ကြောင်း၊ မိမိတို့ယုံကြည်သကဲ့သို့ ပါတီဝင် မဟုတ်သူများကိုလည်း ယုံကြည် အောင် မိမိလုပ်ဆောင်နေသည်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက် လာအောင် လုပ်ဆောင်သွားရန်လို အပ်ကြောင်း၊ ပြည်သူအထင်မှား အမြင်မှားဖြစ်နိုင်သည့်ကိစ္စများကို အမှန်သိမြင်လာအောင် ရှင်းလင်း ဆွေးနွေးကြရန်လိုကြောင်း၊ပြည်သူ များအမှန်သိရန် ပါတီဝင်များက ဆင့်ကဲဆင့်ကဲပြောကြားသွားရန်လိုကြောင်း၊ စုပေါင်းခေါင်းဆောင်၊ စုပေါင်းတိုင်ပင်ဆွေးနွေး၊ စုပေါင်း လုပ်ဆောင်သွားရန် လိုကြောင်း၊ ပါတီတွင်း စည်းလုံးညီညွတ်မှုကို တိုးတက်ခိုင်မာအောင်တည်ဆောက် ပြီး ပြည်သူလူထုအတွင်း စည်းရုံး မှုကိုလည်း တိုးတက်ရရှိစေရန် အတွက် ပါတီဝင်တိုင်းက ဆောင် ရွက်သွားရန် လိုကြောင်း၊ ပါတီ၏ ရည်မှန်းချက်များ အောင်မြင်ရေး အတွက် စုစည်းညီညွတ်သော အင်အားဖြင့် စည်းလုံးညီညွတ်စွာ ဆက်လက် ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။
ထို့နောက်ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးခင်မောင်ရီက ပါတီပြန်လည် ပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

Union daily


Leave a Reply